သီပေါမြို့နယ် ကုန်းစုံကျေးရွာ၌ Cash for Work (CfW) စီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲ ဆောင်ရွက်

သီပေါ ဇူလိုင် ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြုးတိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်−၁၉ရောဂါကာလတွင် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ထိခိုက်မှုများကို တုံ့ပြန် ဆောင်ရွက်သည့် အနေဖြင့် Cash for Work (CfW) စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက တုံစင့်ကျေးရွာအုပ်စု၊ ကုန်းစုံကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်တွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ သီပေါမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်နန်းစမ်းစမ်းအေးက အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နန်းက Cash for Work (CfW) စီမံကိန်းနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စီမံကိန်းလုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားခဲ့ပြီး ကျေးရွာကော်မတီဝင်များကို ရွေးချယ်ခဲ့ကြသည်။

ကိုဗစ်−၁၉ ရောဂါ ကာလအတွင်း ကျေးလက်ဒေသရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ကိုယ်တိုင်ဆောင်ရွက်စေပြီး လုပ်အားခငွေများ ထောက်ပံ့ပေးခြင်းအားဖြင့် ကျေးလက်နေ ပြည်သူများ ဝင်ငွေရရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်းနှင့် Cash for Work စီမံကိန်းကို ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၀၀)စီဖြင့် လွယ်မောက်၊ ကောင်းခါး၊ ကုန်းစုံ၊ ပန်မုံ၊ ကောင်းဟုန်း၊ နမ့်ဟူးဟင်လပ်နှင့် ကောင်းလန်းစသည့် ကျေးရွာ(၇)ရွာတို့တွင် ဇူလိုင်လမှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ခင်လေး (သီပေါ၊ပြန်/ဆက်)

#CERP, #CFW, #DRD, #MOALI

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA/7/07/2020/id-22985