“ဝင်ငွေရရှိရေး အလုပ်အကိုင်ဖန်တီးပေး” Cash for Work စီမံကိန်း ကျေးရွာကော်မတီဝင်များအား ကျောက်ကြီးမြို့နယ်တွင် စီမံခန့်ခွဲမှုသင်တန်းပို့ချ

ကျောက်ကြီး ဇူလိုင် ၁၅ ရက်

ကျောက်ကြီးမြို့နယ်မှာ ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ် Covid -19 Economic Relief Plan(CERP) အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိတဲ့ Cashfor Work စီမံချက်၊ ကျေးရွာလည်ပတ်ရန်ပုံငွေစီမံချက် (Village Revolving Fund Project များပြုလုပ်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် Cash for Work စီမံကိန်း ကျေးရွာအဆင့် စီမံခန့်ခွဲမှု သင်တန်းကို ဇူလိုင်လ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့ များမှာ ကျင်းပခဲ့ပြီး၊ အဆိုပါ သင်တန်းကို စီမံကိန်း ဆောင်ရွက်မည့် ကျေးရွာ (၈)ရွာမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါတယ်။

ကျောက်ကြီးမြို့နယ်မှာ Cash for Work စီမံကိန်း ဆောင်ရွက်မယ့် ကျေးရွာ (၈)ရွာ အတွက် တစ်ရွာလျင် ရံပုံငွေကျပ် သိန်း ၁၀၀ နှုန်း နဲ့ ကျေးရွာ ဖွံ့ဖြိုးမှု လုပ်ငန်းများကို ကျေးရွာ လူထုကိုယ်တိုင် ရွေးချယ်ရမှာ ဖြစ်ကာ စီမံကိန်း ကာလ ၃ လတာအတွင်း ပြီးစီး အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

သတင်း - ဝင်းညီညီလတ် (CSAG)

Credit- SkyNet Media Coverage

#CERP

#CFW

#DRD

#MOALI