ငဖဲမြို့နယ် ကျောင်းကုန်းကျေးရွာ၌ Cash for Work စီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ကိုဗစ်-၁၉ ရောဂါကြောင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘ၀ ထိခိုက်မှုများကို တုံ့ပြန်ဆောင်ရွက်သည့် အနေဖြင့် Cash For Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့ ညနေပိုင်းက ကျောင်းကုန်းကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။

ရှေးဦးစွာ ငဖဲမြို့နယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်လွင်က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဝေလင်းမောင်က Cash For Work စီမံကိန်းနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စီမံကိန်းလုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားပြီး မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးရွာ ကော်မတီဝင် ၇ ဦးကို မဲစနစ်ဖြင့်ရွေးချယ်ဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကျေးလက်ဒေသများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကိုယ်တိုင်ဆောင်ရွက်စေ၍ လုပ်အားခငွေ ထောက်ပံ့ပေးခြင်းအားဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန် ရည်ရွယ်ဆောင်ရွက်ကြောင်းနှင့် Cash For Work စီမံကိန်းကို ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၀၀ စီဖြင့် ကျောင်းကုန်း၊ ဆားပေါက်၊ ကျွဲတလင်း၊ စွန်တက်၊ ဂုတ်ကြီး၊ မရိုးကန်နှင့် ကျောက်ဆုံကျေးရွာ (၇)ရွာတွင် ဇူလိုင်လ ပထမပတ်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)

မကွေးတိုင်းဒေသကြီး

https://www.moi.gov.mm/iprd/?q=news%2F%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%2F6%2F07%2F2020%2Fid-22897&fbclid=IwAR1rXA_drCin9vuZ7Q1XRmXWn9Vr71V48UkxLT9zZK71j04tmmw1xCZQhtw