လူထု ဗဟိုပြု စီမံကိန်းမှ လှိုင်းဘွဲ့မြို့နယ် ဥဒေါင်းကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်း စတင် အကောင်အထည်ဖော် ဆောင်ရွက်

NCDDP’s Village Street Construction at U Daung in Hlaingbwe Kicked Off

Kayin, 15 November 2020, SkyNet Media Coverage

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)မှာ အိမ်ထောင်စု ၂၀၂ စု၊ လူဦးရေ ၁၁၉၇ဦးတို့ကို အကျိုးပြုနိုင်မယ် ဥဒေါင်းကျေးရွာအုပ်စု ဥဒေါင်းကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်း လုပ်ငန်းကို နိုဝင်ဘာလ ၁၂ရက်နေ့က စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီလို့ သိရပါတယ်။

အဲဒီ ကွန်ကရစ်လမ်းဟာ လူထုဗဟိုပြု စီမံကိန်းမှ ထောက်ပံ့ငွေကျပ် သိန်း ၁၈၀ နဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ပြီး လှိုင်းဘွဲ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနဲ့ မြို့နယ် နည်းပညာ အကြံပေးအဖွဲ့တို့ရဲ့ စနစ်တကျ လမ်းညွှန်မှု၊ လက်ထောက် နည်းပညာမှူး ဒေါ်ဇင်မာမျိုးဇော်၊ လူထု စည်းရုံးရေးမှူး မန်းထွန်းထွန်းထက် တို့ရဲ့ အနီးကပ်ကြီးကြပ်မှုနဲ့ ကျေးရွာသူ/ ကျေးရွာသား တွေရဲ့ ပူးပေါင်း ပါဝင်မှုတို့နဲ့ အကောင်အထည်ဖော် ဆောင်ရွက်တာ ဖြစ်တယ်လို့ သိရပါတယ်။

မြို့နယ်(ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Medai Coverage