ဆောမြို့နယ် ကျောက်မ ကျေးရွာ စာသင်ကျောင်း ဆောက်လုပ်မှုအား ကြည့်ရှု့စစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန မကွေးတိုင်း ဒေသကြီး ဂန့်ကောခရိုင် ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကျေးလက် ကုန်ထုတ်လမ်းနဲ့ လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲ ဆောင်ရွက်နေမှု၊ အခြေအနေတွေကို မကွေးတိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်က မေလ ၂၁ ရက်နေ့မှာ ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးခဲ့ပါတယ်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာန ၂၀၁၃-၂၀၂၀ ဘဏ္ဍနှစ် ခွင့်ပြု ရန်ပုံငွေ ကျပ်သိန်း ၄၄,၆၇၀,၀၀၀ နဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ ၁ မိုင် ၂ ဖာလုံ ရှိတဲ့ ကျောက်မ ကျေးရွာ ကျေးလက် ကုန်ထုတ်လမ်းကို ကြည့်ရှု့ စစ်ဆေးခြင်း လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေ ကျပ်သိန်း ၃၅၀ နဲ့ ဆောက်လုပ်လျက် ရှိတဲ့ ပေ ၆၀ ပေ ၃၀ ရှိတဲ့ ကျောက်မ ကျေးရွာ အာစီ ၂ ထပ် စာသင်ကျောင်းဆောင် ဆောက်လုပ်ခြင်းကို ကြည့်ရှု့ စစ်ဆေးပြီးတော့ လိုအပ်တာတွေ မှာကြားပေးခဲ့ပါတယ်။

သတင်း - ရှုမောင်

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank