မထောခူ(အထက်)ကျေးရွာ၏ ကျောက်ချောလမ်းသစ်ဖွင့်ပွဲအခမ်းအနားကျင်းပ

လွိုင်ကော် မတ်  လ(၂) ရက်

     လွိုင်ကော်၊ရှားတောမြို့နယ်လူထုဗဟိုပြုစီမံကိန်းရုံးမှ တတိယနှစ်စက်ဝန်းအတွင်း စီမံကိန်းထောက်ပံ့ငွေ( ၁၅၆၀၀၀၀၀/- ) ကျပ်၊လူထုထည့်ဝင်ငွေ (၄၆၈၀၀၀/-) ကျပ်၊စုစုပေါင်းကုန်ကျငွေ (၁၆၀၆၈၀၀၀/-) ကျပ်ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်သည့် လောပိတကျေးရွာအုပ်စု၊မထောခူ(ထက်)ကျေးရွာ၏ ကျောက်ချောလမ်းသစ်ခင်းခြင်းနှင့် ကွန်ကရစ်ရေပြွန်တံတားတည်ဆောက်ခြင်း၏ ဖွင့်ပွဲအခမ်းအနားအား ယနေ့(၂.၃.၂၀၁၉)ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။  

          အခမ်းအနားတွင်ရှေးဦးစွာ လောလာလိကျေးရွာလူငယ်မောင်မယ်များမှ တိုင်းရင်သားရိုးရာအကဖြင့် ကပြဖျော်ဖြေခဲ့ပြီးနောက် ကယားပြည်နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကိုမှ အဖွင့် အမှာစကားပြောကြားခဲ့ပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင် မှစီမံကိန်းအကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ကျေးရွာစီထောက်ကော်မတီဥက္ကဌမှ ကျေးရွာလူထုများကိုယ်စား ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီးနောက် ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင်မှ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ခဲ့ရာစီမံကိန်းကော်မတီဥက္ကဌမှလက်ခံရယူခဲ့ပါသည်။

         ဆက်လက်၍ကျောက်ချောလမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးနောက် တက်ရောက်လာသူများမှအမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကြကာ လုပ်ငန်းဆိုင်းဘုတ်အားအမွေ့နံ့သာရည်ဖြန်းပက်ခြင်း၊ ကျောက်ချောလမ်းသစ်အားလှည့်လည်ကြည့်ရှုခြင်းဖြင့် အခမ်းအနားအောင်မြင်စွာပြီးမြှောက်ခဲ့ပါသည်။