ရှမ်းပြည်နယ် မိုင်းခတ် မြို့နယ် လူထုအခြေပြုဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းခွဲများအား တင်ပြနိုင်ရေး ဆွေးနွေးညှိနှိုင်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မိုင်းခတ် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ

ဦးဆောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ် စက်ဝန်းအတွက် မြို့နယ် စီမံကိန်း

ရေးဆွဲရေးနှင့် အကောင်အထည် ဖော်ရေး (TPIC) သို့ တင်ပြမည့် လုပ်ငန်းခွဲများအား ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က မိုင်းခတ်မြို့နယ်

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးရန်ကျော်၊ လူထုဗဟိုပြုစီမံကိန်း တာဝန်ခံ ဦးဟိန်းမင်းစိုး၊

နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဦးမျိုးသန့် တို့က ဦးဆောင်ပြီး၊ အဆိုပါ ကျေးရွာတာဝန်ခံ လက်ထောက်နည်းပညာမှူးတို့နှင့်

အစည်းအဝေး ပြုလုပ်ကာ ကွင်းဆင်းစစ်ဆေးခြင်း၊ ကျေးရွာများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းတို့ ပြလုပ်ခဲ့ပါတယ်။

ထိုကဲ့သို့ ကွင်းဆင်းစစ်ဆေးရာမှာ လုပ်ငန်းခွဲ ဆောင်ရွက်မည့် ကျေးရွာအခြေအနေများ၊ ရွေးချယ်ထားတဲ့ လုပ်ငန်းခွဲများအနေနဲ့

ကျေးရွာအတွင်း အကျိုးပြုနိုင်မှု ပမာဏနှင့် လုပ်ငန်းခွဲ အတိုင်းအတာများကို တိုင်းတာ စစ်ဆေးပြီး၊ အဆိုပါ လုပ်ငန်းခွဲများအနေနဲ့

ဌာနဆိုင်ရာများမှ ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ထပ်မထပ် စီစစ် ဆွေးနွေးခဲ့ကြပါတယ်။ မိုင်းခတ် မြို့နယ် လူထုဗဟိုပြုစီမံကိန်းမှ စီမံကိန်း ရေးဆွဲရေးနှင့်

အကောင်အထည်ဖော်ရေး ဒုတိယအကြိမ် TPIC အစည်းအဝေးမှ ကျေးရွာပေါင်း ၉၃ ရွာ ရှိပြီး၊ လုပ်ငန်းခွဲပေါင်း ၉၄ ခုကို တင်ပြဆွေးနွေးမှာ ဖြစ်ပါတယ်။

သတင်း - လူထု စည်းရုံးရေးမှူး တင်အောင် မိုးမြင့်

Credit: Sky Net Media Coverage