“လူအများအတွက် ကမ္ဘာကြီးအတွက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ပညာသင်ကြားကြပါစို့”

ပုံ - လူထု ဗဟိုပြု စီမံကိန်း မကွေးတိုင်း ဆောမြို့နယ် ဆီမီးကျေးရွာ စာသင်ကျောင်းဆောင် ဆောက်လုပ်ရေးလုပ်ငန်းခွင်

ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ပညာရေးနေ့သည် ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍ

ကို မြှင့်တင်ခြင်းဖြင့် ဆင်းရဲမွဲတေမှုကို လျော့ချရေး၊ သဘာဝ ပတ်ဝန်းကျင် ရေရှည်တည်တံ့ရေး၊ ငြိမ်းချမ်းသော ကြံကြံခံနိုင်သော လူမှု အသိုင်းအဝိုင်းများ

ဖြစ်ပေါ်လာစေရေး တို့ အပါအဝင် ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင့်တင့်လျောက်ပတ်သော အရည်အသွေး ပြည့်ဝသော ပညာရေး

အရေးပါမှု တို့ကို အလေးထား ထင်ဟပ်စေရန် ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာ ပညာရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်မှာ “ လူအများအတွက်၊ ကမ္ဘာကြီးအတွက်၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးအတွက်

ပညာသင်ကြားကြပါစို့” ဟူ၍ ဖြစ်ပြီး၊ လူ့ဘဝ သာယာဝပြောရေးနှင့် ကျွန်ုပ်တို့ အားလုံး၏ တူညီသော ရည်မှန်းချက်များ အတွက် ပညာရေး အရေးပါ အခရာကျမှုတို့ကို

အလေးထား ဖော်ပြရန် ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ပညာရေးနေ့ အထိမ်းအမှတ် အဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုး

တိုးတက်ရေးဦးစီးဌာန၏ လူထုဗဟိုပြုစီမံကိန်း (NCDDP) မှ လူထု ဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပညာရေး

ကဏ္ဍအတွက် ဆောင်ရွက် ထားရိမှုများကို တင်ပြအပ်ပါသည်။ ကမ္ဘာ့ဘဏ်နှင့် အခြားဖွံ့ဖြိုးရေးဆိုင်ရာ မိတ်ဖက်များ၏ ပံ့ပိုးမှုဖြင့်

လူထုဗဟိုပြုစီမံကိန်း (NCDDP) သည် ၂၀၁၃ ခုနှစ်မှ ယခု အချိန်အထိ ပြည်နယ်နှင့်တိုင်း ဒေသကြီး ၁၅ ခုတို့တွင် စာသင်ကျောင်းပေါင်း  ၄,၄၆၃ ကျောင်း

ကို ပြုပြင်/ အသစ်တည်ဆောက်မှုနှင့် စာကြည့်တိုက်ပေါင်း ၁၂၂ ခုတို့ကို တည်ဆောက်မှုတို့ ပြုလုပ်ပေးခဲ့ပြီး ဖြစ်ပါသည်။

စီမံကိန်း၏ ရည်ရွယ်ချက်မှာ ရပ်ရွာက ရွေးချယ်ပေးသော ကျေးလက် အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှုများအား ငွေကြေး

ထောက်ပံ့ခြင်း၊ ဒေသ အာဏာပိုင်များနှင့် ပူးပေါင်းပြီး ဒေသခံ လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးရေးဆိုင်ရာ ဦးစားပေးအစီအစဉ်များဖော်ထုတ်ခြင်း၊

စီမံချက်ချမှတ်ခြင်း နှင့် အကောင်အထည်ဖော်ခြင်းဆိုင်ရာ စွမ်းဆောင်ရည် အားကောင်းလာစေခြင်း၊ စီမံကိန်း လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင်

ဒေသခံလူ့အဖွဲ့အစည်းမှ ဆင်းရဲနွမ်းပါးပြီး အထိအခိုက် မခံသောသူများ ပါဝင်နိုင်ခြင်း၊ ကျား/မ မရွေး ပါဝင်နိုင်စေခြင်း စသည်တို့ ဖြစ်သည်။

#International Day of Education 2020,

#NCDDP, #DRD, # MOALI, #WorldBank