INVITATION FOR CONSULTATION MEETING - စီမံကိန်းမြို့နယ်များရွေးချယ်ရန်အတွက် အကြံဉာဏ်ရယူခြင်းအစည်းအဝေးပွဲ ဖိတ်ကြားစာ

Dear Colleagues;



It is my pleasure to inform you that the Government of Myanmar is organizing township selection consultation meetings in Ayeyarwady Region,Saging Region, Kayin State and Shan State to assist in identifying the townships that will benefit from the National Community Driven Development Project (LuduBahopyu Project). We are inviting Non-Governmental Organizations, Civil Society Groups, Community Based Organizations and Development Partners with active programs in the respective Region/State to attend the meetings.

The township selection meeting for Kayin State will be held in Pa-an Township on 5 May 2017.The meetings for Sagaing Region and Shan State will be held in Monywa and Taunggyi townships during May and June. You find attached the agenda for the Kayin meeting. Please note that meeting will be held in Myanmar language without translation.

Non-Governmental Organizations, Civil Society Groups, Community Based Organizations and Development Partners with an active program in Kayin State and interested in participating in the Pa-an meeting can contact us at cdd.drdmyanmar@gmail.com by 2 May.The agenda for the Monywa and Taunggyi meetings will be provided separately.

 

လူထုအခြေပြုဖွံ့ဖြိုးရေး  အမျိုးသား စီမံကိန်း ပဥ္စမနှစ် အကောင်အထည်ဖော်ဆောင်ရွက်ရန်  ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် စီမံကိန်းမြို့နယ် နှစ်မြို့နယ်စီနှင့် ရှမ်းပြည်နယ်တွင် စီမံကိန်းမြို့နယ် သုံးမြို့နယ်   ရွေးချယ်နိုင်ရန်အတွက် အကြံဉာဏ်ရယူခြင်း အစည်းအဝေးများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၏ မြို့တော်များတွင် ကျင်းပသွားမည် ဖြစ်ပါသည်။ ယင်းအစည်းအဝေးများသို့ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှူအဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ေနသော အဖွဲ့အစည်းများအား ဖိတ်ကြားသွားမည် ဖြစ််ပါသည်။

သို့ပါ၍ ကရင်ပြည်နယ်အတွက် မြို့နယ်ရွေးချယ်ခြယ်ခြင်း အစည်းအဝေးကို၂၀၁ရခုနှစ်၊ မေလ ၅ ရက်နေ့တွင် ဘားအံမြို့၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့အတွက် မြို့နယ်ရွေးချယ်ခြင်း အစည်းအဝေးကို မေလနှင့် ဇွန်လအတွင်းတွင် မုံရွာနှင့်် တောင်ကြီးမြို့တို့၌ ကျင်းပသွားမည်ဖြစ်ပါသည်။ မြို့နယ်ရွေးချယ်ရေး အကြံဉာဏ်ရယူခြင်း အစည်းအဝေး အစီအစဉ်အား ဤစာနှင့်အတူ ပူးတွဲပေးပို့အပ်ပါသည်။ အစည်းအဝေးကို မြန်မာဘာသာ တစ်မျိုးတည်းဖြင့်သာ ဆောင်ရွက်မည်ဖြစ်ပြီး ဘာသာပြန်ပေးမည့် အစီအစဉ် ပါဝင်ခြင်း မရှိပါ။

အစိုးရမဟုတ်သော  အဖွဲ့အစည်းများ၊ လူမှူအဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့် ဖွံဖြိုးရေးမိတ်ဘက် အဖွဲ့အစည်းများအနေဖြင့် ဘားအံမြို့တွင် ကျင်းပမည့်      အစည်းအဝေးကို တက်ရောက်ရန် စိတ်ပါဝင်စားမှူရှိပါက cdd.drdmyanmar@gmail.com သို့ မေလ ၂ ရက်ထက် နောက်မကျစေဘဲ ဆက်သွယ်အကြောင်းကြားပါရန်နှင့် မုံရွာနှင့် တောင်ကြီးမြို့တို့၌ ကျင်းပမည့် အစည်းအဝေး အစီအစဉ်များကို ဆက်လက်အကြောင်းကြားသွားမည် ဖြစ်ပါကြောင်း လေးစားစွာ အကြောင်းကြားပါသည်။

 

Documents: