KG ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီးဖြစ်၍ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်း(စတုတ္တနှစ်စက်ဝန်း)မှ ကန့်လာဝကျေးရွာအုပ်စု၊ ကန့်လာဝကျေးရွာတွင် ဆောင်ရွက်ခဲ့သော KG ​ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းလုပ်ငန်းကို ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီး ဖြစ်၍ ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို (၂၂.၉.၂၀၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ပလက်ဝမြို့နယ်ကျေးလက်မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ KGကျောင်းဆောင်သစ်သည် အတိုင်းအတာအားဖြင့် အလျား(၄၅ပေ)၊ အနံ(၃ဝပေ)နှင့် အမြင့်(၁၂ပေ)ရှိရာ စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ်(၇၉)သိန်းနှင့် လူထုထည့်ဝင် ငွေကျပ်(၄၄)သိန်းကျော်၊ စုစုပေါင်း(၁၂၃)သိန်း ကျော်ဖြင့် စီမံကိန်းဝန်ထမ်းများ၏ နည်းပညာပံ့ပိုးကူညီမှုဖြင့် ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပါသည်။