လူထုဗဟိုပြုစီမံကိန်းမှ စီမံကိန်းဝန်ထမ်းများအားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးပွဲကျင်းပ

သြဂုတ်  ၂၅

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) မကွေးတိုင်း ဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့နယ် လူထုဗဟိုပြုစီမံကိန်းမှ စီမံကိန်းဝန်ထမ်းများအားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးပွဲ ၂၀၁၉ ခုနှစ် သြဂုတ်လ (၁၉) ရက်နေ့၌ ဆောမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးတွင် နံနက် ၉ ရီမှ ၁၂ နာရီထိကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ဆောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး လူထုဗဟိုပြုစီမံကိန်း စီမံကိန်းမန်နေဂျာ ဆောမြို့နယ်လူထုဗဟိုပြုစီမံကိန်းမှ နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် နည်းပညာအကြံပေးများ လူထုစည်းရုံးရေးမှူး(၂၈ ) ဦး နှင့်လက်ထောက်နည်းပညာမှူး (၁၈) ဦး စုစုပေါင်း (၄၉) ဦးတက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)၌ ဝန်ထမ်းများ တွေ့ကြုံခဲ့ရသော အခက်အခဲများ အောင်မြင်မှုများနှင့် ယခုနှစ်အတွက်ဆောင်ရွက်ရမည့် အကြောင်းအရာများကိုဆွေးနွေးကြပါသည်။ဆက်လက်၍ လူထုစည်းရုံးရေးမှူးနှင့် လက်ထောက်နည်းပညာမှူးများ (Forum) ဖိုရမ် တက်ရောက်သူများမှ ဖိုရမ်၌ တွေ့ကြုံခဲ့ရသောအကြောင်းအရာများကို စီမံကိန်းရှိဝန်ထမ်းအားလုံးအား ပြန်လည်ချပြဆွေးနွေးခဲ့ပါသည်။ ထို့နောက် ဆောမြို့နယ်လူထုဗဟိုပြုစီမံကိန်း(စတုတ္တနှစ်စက်ဝနါး) စတင်အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် လူထုစည်းရုံးရေးမှူးများ နှင့်လက်ထောက်နည်းပညာမှူးများအား သက်ဆိုင်ရာ အဖွဲ့များ ခွဲခြင်း သက်ဆိုင်ရာတာဝန်ကျ ကျေးရွာများခွဲခြင်း စသည်တို့ကိုပြုလုပ်၍ ဆွေးနွေးပွဲကို ရုတ်သိမ်းခဲ့ပါသည်။ တင်အောင်မိုးမြင့် လူထုစည်းရုံးရေးမှူး ဆောမြို့နယ်လူထုဗဟိုပြုစီမံကိန်း