စီမံကိန်းဝန်ထမ်းများအား စွမ်းဆောင်ရည်မြင့်သင်တန်းပြုလုပ်

၁၁ ဇွန်လိုင်လ ၂၀၁၉

            ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း)တွင် စီမံကိန်းဝန်ထမ်းများ ဖြစ်ကြသော လက်ထောက် နည်းပညာမှူးများနှင့် လူထုစည်းရုံးရေးမှူးများ စုစုပေါင်းသင်တန်းသား (၅၁)ဦးအား Community Mobilization Training ကို ကရင်ပြည်နယ် နည်းပညာအကြံပေး ဆရာစောအယ်လ်ဘလုမှ ဦးဆောင်၍ (၂)ရက်တာ သင်တန်းပြုလုပ်ပေးခဲ့ပါသည်။

            အဆိုပါသင်တန်းတွင် ကော့ကရိတ်မြို့နယ် လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများမှ ကျေးရွာလူထုနှင့်ပူးပေါင်း၍ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရပ်ရွာလူထု ပူးပေါင်းပါဝင်မှုအားကောင်းလားစေရန်၊ ကြုံတွေ့လာနိုင်သော အခက်အခဲများအား ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ဖွံ့ဖြိုးရေးသဘောတရားများနှင့် စံသတ်မှတ်ချက်များ၊ ရပ်ရွာလူထုဖွံ့ဖြိုးရေးချဉ်းကပ်နည်းပုံစံများနှင့် နည်းလမ်းများ၊ စည်းရုံးရေးမှူး(လူထုဖွံ့ဖြိုးရေးလုပ်သား)တစ်ဉီးတွင် ထားရှိရမည့် ခံယူချက်များနှင့် လုပ်ဆောင်လိုက်နာရမည့် အချက်များ အစရှိသော သင်ခန်းစာများကို  သင်တန်းပေးခဲ့ပါသည်။