လူထုဗဟိုပြုစီမံကိန်း မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲကျင်းပ

 

ပေါက် ဇူလိုင်      ၁၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်လူထုဗဟိုပြုစီမံကိန်း မြို့နယ်အဆင့်သက်ဆိုင်သူပေါင်းစုံ ပါဝင်သော သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ် အချိန်က ပေါက်မြို့ အခြေခံပညာအထက်တန်းကျောင်း ဗိုလ်စကားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ ပေါက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းဝင်းတို့က အမှာစကားပြောကြားပါသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များဆောင်ရွက်နေမှုနှင့် လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပါသည်။

ဆက်လက်၍ တက်ရောက်လာကြသော ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီဝင်များမှ အုပ်စုခုနစ်အုပ်စုဖွဲ့ကာ စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့်ပတ်သက်၍ အားသားချက် အားနည်းချက်များနှင့် လာမည့်နှစ် စီမံကိန်း လုပ်ငန်းများဆောင်ရွက်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အကြံပြုချက်များက  ဆွေးနွေးတင်ပြကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြပါသည်။

ထို့နောက် မြို့နယ်အဆင့် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ချက်များနှင့်ကိုက်ညီမှုအရှိဆုံးဖြစ်သော ကျေးရွာအုပ်စုအဆင့်နှင့် ကျေးရွာအဆင့် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးပါသည်။

အဆိုပါ သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးစိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ် များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူထုဗဟိုပြုစီမံကိန်းစီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများ၊ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာ(၂၆၂)ရွာမှ ကျေးရွာစီမံကိန်းအထောက်အကူပြု ကော်မတီဝင်များ တက်ရောက် ခဲ့ကြကြောင်းသိရသည်။

စိုးမိုးကျော်