လူထုစစ်ဆေးပွဲကျင်းပ

ကြာအင်းဆိပ်ကြီးမြို့ မေ ၂၄

          ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် နတ်ချောင်းအလယ်အုပ်စု၊ မီးအုပ်ကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းမှ လူထုစစ်ဆေးပွဲအခမ်းအနားကို ရွာတွင်းဘုန်းကြီးကျောင်းတွင် (၂၄.၅.၂၀၁၉) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

          ပထမဦးစွာ နတ်ချောင်းအလယ်အုပ်စု၊ မီးအုပ်ကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

          ရွာတွင်းဂဝံမြေသားလမ်း အလျား ၂၉၀၀ ပေ × အနံ ၁၈ ပေ × အမြင့် ၉ လက်မ နှင့် ပေါင်းကူးတံတား အလျား ၂၅ ပေ × အနံ ၄ ပေ × အမြင့် ၄ ပေ ရှည်လျှားပြီး လူထုဗဟိုပြုစီမံကိန်းရန်ပုံငွေ ၁၀၅၀၀၀၀၀ ကျပ် (တစ်ရာ့ငါးသိန်းကျပ်)ဖြင့် ဆောက်လုပ်ခဲ့သည်။

          ထို့နောက်ဆက်လက်၍  လမ်းဖောက်လုပ်မှုနှင့် ပေါင်းကူးတံတားဆောက်လုပ်မှု ပတ်သက်၍ ကျေးရွာလူထုမှ ကျေနပ်မှုရှိ/မရှိကို လူထုစစ်ဆေးပွဲပြုလုပ်ကာ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါရွာတွင်းဂဝံမြေသားလမ်းဖောက်လုပ်ခြင်းကြောင့် ကျေးရွာလူထုနှင့် တွေ့ဆုံမေးမြန်းရာတွင် သွားလာရေးအဆင်ပြေကောင်းမွန်ကြောင်း ပြောကြားခဲ့သည်။

          အခမ်းအနားသို့ ကျေးရွာလူထု ၄၃ ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။