မကွေးတိုင်းဒေသကြီး လူထုဗဟိုပြုစီမံကိန်းရုံးခွဲ လပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး လူထုဗဟိုပြုစီမံကိန်းရုံးခွဲ လပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မကွေး မေ  

မကွေးတိုင်းဒေသကြီး လူထုဗဟိုပြုစီမံကိန်းရုံးခွဲ လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်စီမံကိန်း တာဝန်ခံများ၊ နည်းပညာပေးအဖွဲ့ခေါင်းဆောင်များနှင့်အတူ မေလ()ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်က  “ မြို့နယ်စီမံကိန်းတာဝန်ခံများအနေဖြင့် စီမံကိန်းလုပ်ငန်းများအကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ကျေးလက်နေပြည်သူများ၏ လိုအပ်ချက်များကို စီမံကိန်းကာလ()နှစ်အတွင်း ပူးပေါင်း ဖြည့်ဆည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်နှင့် ယခုအခါ မိုးရာသီကျရောက်ခါနီးပြီ ဖြစ်သော ကြောင့် စီမံကိန်းလုပ်ငန်းများကို တွန်းအားပေးဆောင်ရွက်သွားရန်၊ စီမံကိန်းလုပ်ငန်းသုံးပစ္စည်းများ သဘာဝဘေးအန္တရာယ် မဖြစ်ပေါ်စေရေး အထူးအလေးထားဆောင်ရွက်သွားကြရန်နှင့် စီမံကိန်းမြို့နယ်များ အနေဖြင့် အခက်အခဲများရှိပါက တင်ပြစေလိုကြောင်း” ပြောကြားပါသည်။

ဆက်လက်၍ တက်ရောက်လာသော မြို့နယ်စီမံကိန်းတာဝန်ခံများက စီမံကိန်းလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်နေမှုနှင့် တွေ့ကြုံရသည့်အခက်အခဲများကို ရှင်းလင်းတင်ပြကြရာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပါသည်။

ထို့နောက် တိုင်းဒေသကြီးလူထုဗဟိုပြုစီမံကိန်းရုံးခွဲတာဝန်ခံ ဦးသန်းထိုက်ဇော်က စီမံကိန်းအကောင် အထည်ဖော် ဆောင်ရွက်နေမှုများနှင့် အနှစ်ချုပ်ဆွေးနွေးပြီး လိုအပ်သည်များဖြည့်စွက်မှာကြားပါသည်။ အဆိုပါ အစည်းအဝေးသို့ တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၊ တိုင်းဒေသကြီးလူထုဗဟိုပြုစီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများ၊မြို့နယ်စီမံကိန်းတာဝန်ခံနှင့် မြို့နယ် နည်းပညာ အကြံပေးအဖွဲ့ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။