ရေပိုက်သွယ်တန်းခြင်းစီမံကိန်းလုပ်ငန်းခွဲဆောင်ရွက်ပြီးစီးပြီးဖြစ်၍ လူထုစစ်ဆေးပွဲကျင်းပပြုလုပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တွန်းဇံမြို့နယ်လူထုဗဟိုပြုစီမံကိန်း(ပထမနှစ်စက်ဝန်း)မှ ဆာဇန်ကျေးရွာအုပ်စု၊ ဆာဇန်ကျေးရွာတွင် ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းခွဲ(၇၃၁၅ပေ)ကို စီမံကိန်းထောက်ပံ့ရန်ပုံငွေ သိန်း(၇၀)ကျပ်ဖြင့် (၁၉.၂.၂၀၁၉)ရက်နေ့တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ (၂၇.၃.၂၀၁၉)ရက်နေ့တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပါသည်။

အဆိုပါရေပိုက်သွယ်တန်းခြင်းလုပ်ငန်းအတွက် လူထုစစ်ဆေးပွဲကို (၃၀.၃.၂၀၁၉) ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်လူထုဗဟိုပြုစီမံကိန်း(ပထမနှစ်စက်ဝန်း)တွင် စီမံကိန်းလုပ်ငန်းခွဲပေါင်း (၈၁)ခု ဆောင်ရွက်ခဲ့ရာ လုပ်ငန်းအားလုံးဆောင်ရွက်ပြီးဖြစ်၍ လူထုစစ်ဆေးပွဲ(၁၀၀%) ပြုလုပ်ပြီးဖြစ်ပါသည်။

ယခုအချိန်တွင် ဒုတိယနှစ်စက်ဝန်းကို စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ပြီး မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့်အကောင်အထည်ဖော်ရေးကော်မတီမှ စီမံကိန်းလုပ်ငန်းခွဲ(၂၅)ခုကို အတည်ပြုခွင့်ပြုပြီး၊ ကျေးရွာ(၈)အုပ်စုအတွက် စီမံကိန်းထောက်ပံ့ရန်ပုံငွေရရှိပြီးဖြစ်ပါသည်။