ဆောမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပပြုလုပ်

ဆော မတ် ၈

 

မကွေးတိုင်းဒေသကြီး ဆောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း က ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီ ခွဲတွင် ဆောမြို့ ယောမင်းကြီးဦးဘိုးလှိုင်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးထင်လင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြဝင်းတို့က အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်လှိုင်သူဇာအောင် က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနား ကျင်းပရခြင်း၏ရည်ရွယ်ချက်များ ကိုလည်းကောင်း၊ မြို့နယ်အမျိုးသမီးများရေးရာအဖွဲ့ ဥက္ကဌ ဒေါ်လှလှ ခက် က အပြည်ပြည်ဆိုင်ရာအမျိုးသမီး များနေ့ သမိုင်းကြောင်းကိုလည်းကောင်း၊ မြို့နယ် တရားသူကြီး ဦးသက်ပိုင်မှူးကအမျိုးသမီးများ နှင့် ပတ်သက်သော ဥပဒေများအကြောင်းကိုလည်းကောင်း၊ မြို့နယ်လူထုဗဟိုပြု စီမံကိန်း မြို့နယ်နည်းပညာ အကြံပေးအဖွဲ့ခေါင်းဆောင် ဒေါ်နီနီလွင်က ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကျား-မရေးရာအမြင်များထည့်သွင်း ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားကြသည်။

 

ထိုနောက် တက်ရောက်လာကြသူများသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြု စီမံကိန်းက ခင်းကျင်းပြသထားသော ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အမျျိုးသမီး များ၏ ပူးပေါင်းပါဝင်လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများကို လေ့လာ ကြည့်ရှုကြသည်။

 

လူထုဗဟိုပြုစီမံကိန်း၏ အဆိုပါအထိမ်း အမှတ်ရည်ရွယ်ချက်များသည် အမျိုးသမီး များ၏ အခန်းကဏ္ဍ သည်အရေးကြီးကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်ပြီးတွန်းအား ပေးဆောင်ရွက်တတ်စေရန်၊ အခြား မိတ်ဖက် အဖွဲ့အစည်းကသိရှိပြီး စီမံကိန်းလုပ်ငန်းများအကောင် အထည်ဖော်ရာတွင်ချိတ်ဆက်လုပ်ဆောင်မှု ပိုမိုအားကောင်းလာစေရန်နှင့် ကမ္ဘာနှင့်အဝှမ်း အမျိုးသမီးများအရေး လှုပ်ရှားမူများကို လူထု အနေဖြင့် သိရှိနားလည်ပြီးအမျိုးသမီးများ ပိုမိုပါဝင်လာစေနိုင်သည့်ပတ်ဝန်းကျင်ကို ပိုမိုဖန်တီးပေးရန်ဖြစ်ကြောင်း လူထု ဗဟိုပြုစီမံကိန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

စိုးမိုး(ကျေးလက်)/ 09-256087268