လူထုဗဟိုပြုစီမံကိန်း ဆမနှစ် နှစ်ပတ်လည် ပြည်ထောင်စုအဆင့် သုံးသပ်ဆွေးနွေးပွဲ ဖိတ်ကြားလွှာ

၈ အောက်တိုဘာလ၊ ၂၀၁၉၊ MGallery ဟိုတယ်၊ နေပြည်တော်

 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကဦးစီး၍ လူထုအခြေပြုဖွံ့ဖြိုးရေးအမျိုးသားစီမံကိန်း (လူထုဗဟိုပြုစီမံကိန်း) ၏ဆမနှစ် နှစ်ပတ်လည် ပြည်ထောင်စုအဆင့်သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၈) ရက်နေ့တွင် MGallery ဟိုတယ်၊ နေပြည်တော်၌ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ အခမ်းအနား၏ ရည်ရွယ်ချက်မှာ တက်ရောက်လာသူအားလုံး စီမံကိန်း ဆမနှစ် အတွေ့အကြုံများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးရန်နှင့် လာမည့် သတ္တမနှစ် စီမံကိန်းစက်ဝန်း အကောင်အထည်ဖော်ရာတွင် ပိုမိုကောင်းမွန်စေရန်အတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးရန် ဖြစ်ပါသည်။

အခမ်းအနားသို့ ဖိတ်ကြားထားသူဦးရေ (ခန့်မှန်း) (၂၅၀) ဦးခန့် တက်ရောက်မည်ဖြစ်ပြီး ပြည်ထောင်စုအဆင့်နှင့် မြို့နယ်အဆင့် စီမံကိန်းဝန်ထမ်းများ၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ ပါဝင်မည် ဖြစ်သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ ကျေးလက်နေ ပြည်သူများအနေဖြင့် လူထုကိုဗဟိုပြုသော နည်းလမ်းအသုံးပြု၍ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက် လာစေရန်၊ ထိုအခြေခံအဆောက်အဦများကို လက်လှမ်းမီအသုံးချ၍ အကျိုးခံစားခွင့် ရရှိစေရန်နှင့် နိုင်ငံတော်အစိုးရ အနေဖြင့် အရေးပေါ်အခြေအနေများတွင် လျင်မြန်စွာ တုန့်ပြန်နိုင်စေရန် ရည်ရွယ်ပါသည်။

လူထုဗဟိုပြုစီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး စီမံကိန်းစက်ဝန်းခြောက်ခု အတွင်း မြို့နယ် (၅၄) မြို့နယ်တွင် စီမံကိန်းလုပ်ငန်းခွဲ (၆၆၂၆) အတွက် ထောက်ပံ့ငွေကျပ်သန်းပေါင်း (၃၀၁၁၀.၀၁) ခန့် ထောက်ပံ့နိုင်ခဲ့ပြီး အကျိုးခံစားရသူဦးရေ (၆.၅) သန်းခန့် ရှိပါသည်။

လူထုဗဟိုပြုစီမံကိန်း ပိုမိုတိုးတက်ကောင်းမွန်စေရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဤဆွေးနွေးပွဲသို့ တက်ရောက်၍ ကျွန်မတို့နှင့်အတူတကွ ပါဝင်ဆွေးနွေးပေးနိုင်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ တက်ရောက်ရန် စိတ်ပါဝင်စားသည့်ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအနေဖြင့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့ထက်နောက်မကျစေဘဲ ဒေါ်အိစန္ဒာ cdd.drdmyanmar@gmail.com သို့ ကျေးဇူးပြု၍ ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ အခမ်းအနားနှင့်ပတ်သက်၍ သိရှိလိုပါကလည်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။

 

ဖိတ်စာနှင့်အတူ ဆွေးနွေးပွဲအစီအစဉ် (မူကြမ်း) အား ပူးတွဲပေးပို့ပါသည်။

လေးစားစွာဖြင့်

Documents: