အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပပြုလုပ်

ပေါက် မတ်လ. ၈

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို ပေါက်မြို့နယ်ထွေထွေအုပ်ချုပ်​​ရေးဦးစီးဌာန ၊ရွှေပေါက်ပင် ခန်းမတွင် နံနက် ၉းဝဝချိန်မှ အခမ်းအနားကို စတင် ခဲ့သည်

အဆိုပါ အခမ်းအနားကို ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်းမှ ကျင်းပ ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ယခုလို အထိမ်းအမှတ် ပွဲလေးပြုလုပ်​​ပေးခြင်းဖြင်​​ကျေးရွာများရှိ အမျိုးသမီးများသည် ရေရှည်တည်တံခိုင်မြဲစေသော အခြေ ခံအ​​ဆောက်အဦးများကို အမျိုးသမီးများ ပိုမို လက်လှမ်းမှီမှု ရှိစေရန်နှင့် ထိုလုပ်ငန်းများ ပိုမိုပါဝင်လာရန်၊အမျိုးသမီးများ ဦးဆောင်ပါဝင်​​ဆောင်ရွက်​​နေမှုများကို အခြားမိတ်ဖက်အဖွဲ့အစည်းများမှ သိရှိနားလည်လာပြီး စီမံကိန်းလုပ်ငန်းများ အ​​ကောင်အထည်​​ဖော်ရာတွင် ချိတ်ဆက်​​ဆောင်ရွက်မှု များ ပိုမိူအားကောင်းလာစေရန် ရည်ရွယ်၍ ကျင်းပဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရပါသည်

အဆိုပါ အခမ်းအနားကို တိုင်ဒေသကြီးလွှတ်​​တော် ကိုယ်စားလှယ် ဒေါ်မြင့့်စန်းမှ အဖွင့်အမှာစကားပြောကြားရာတွင် "ခွင့်တူညီရေး စဉ်းစားလို့ စွမ်းရည်မြှင်ရေး အရေးပေးဖို့ ပြောင်းလဲမှုကို ဖန်တီစို့"ဆိုသည်ဆောင်ပုဒ်နှင့်အညီ အမျိုးသမီးများမှ ဆောင်ရွက်​​စေလိုသည်ဟုပြောကြားခဲ့သည်။ ထိုနောက် မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန့်မှ အခမ်းအနား ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်

အဆိုပါ အခမ်းအနားကို မြို့နယ် ဥပဒေအရာရှိ ဦးမြတ်သူဟိန်းမှ အမျိုးသမီးများနှင့် ပတ်သက်ပြီးသိသင့်သိထိုက်​​သော ဥပဒေအကြောင်းအရာများကို ချပြဆွေးနွေးခဲ့ပါသည်

အဆိုပါ အခမ်းအနားကို ​​​ပေါက်မြို့နယ်အတွင်းရှိ ဌာနဆိုင်စီရာများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ စီမံကိန်ကော်မတီဝင်များ၊ မြစိမ်ရောင်​​ကျေးရွာရှိကော်မတီဝင်များ၊စီမံကိန်းဝန်ထမ်းများ စုစုပေါင်း (၂၁၉)ဦးခန့် တက်​​​ရောကိခဲ့သည်

အဆိုပါ အခမ်းအနားတွင် ကျေးရွာကော်မတီဝင် အမျိုးသမီး တစ်ဦးမှ ယခုလို အမျိုးသမီးနေ့ အထိမ်းမှတ် ပွဲ ကျင်းပပြုလုပ်​​ပေးသည့်အတွက် ဝမ်းသာပီတိဖြစ်မိကြောင်း၊အမျိုးသမီးများနှင့် ပတ်သက်ပီး ဥပဒေပိုင်းဆိုင်ရာ အချက်အလက်များ သိခွင့် ရသည့်အတွက် အလွန်ဝမ်မြောက်မိကြောင်း သိရပါသည်