ဘောလုံးကွင်းတိုးချဲ့တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးပြီးဖြစ်၍ လူထုစစ်ဆေးပွဲကျင်းပပြုလုပ်

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ပူးပေါင်းလျက် ချင်းပြည်နယ်၊ မတူပီမြို့နယ်လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် ပန်းတွီးကျေးရွာအုပ်စု၊ တွီရှစ်ကျေးရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဘောလုံးကွင်းတိုးချဲ့တူးဖော်ခြင်းစီမံကိန်းလုပ်ငန်းခွဲ ဆောင်ရွက်ပြီးစီးမှုအတွက် လူထုစစ်ဆေးပွဲကို ၂၀၁၉ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါလုပ်ငန်းခွဲကို စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်(၆၂)သိန်းဖြင့် (၁၈.၁.၂၀၁၉)ရက်နေ့တွင်လုပ်ငန်းစတင်ဆောင်ရွက်ရာ (၂၁.၂.၂၀၁၉) ရက်နေ့တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပါသည်။

မတူပီမြို့နယ်လူထုဗဟိုပြုစီမံကိန်းကို (၂၀၁၆-၂၀၁၇)ခုနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ တတိယနှစ်စက်ဝန်းသို့ရောက်ရှိပြီးဖြစ်ပါသည်။