ကျောက်ချောလမ်းသစ်ဖွင့်ပွဲအခမ်းအနားပြုလုပ်

ဒီးမော့ဆိုမြို့၊ မတ်လ (၁) ရက်

           ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်လူထုဗဟိုပြုစီမံကိန်း(စတုတ္ထနှစ်စီမံကိန်းစက်ဝန်း)တွင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စံပြ(၆)မိုင်ကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာ၏ ရွာတွင်းကျောက်ချောလမ်း ဖွင့်ပွဲ အခမ်းအနားသို့ ယနေ့(၁.၃.၂၀၁၉)ရက်နေ့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရုံးချုပ်)မှ ဦးမျိုးနိုင်အောင်၊ ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင်၊ မြို့နယ်စီမံကိန်းရုံးမှ တာဝန်ရှိသူများ၊ ကျေးရွာသူ/သားများ တက်ရောက်ခဲ့ ကြပါသည်။

            ထိုအခမ်းအနားတွင်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရုံးချုပ်) မှ ဦးမျိုးနိုင်အောင်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင်မှ စီမံကိန်းအကြောင်း ရှင်းလင်းခြင်း၊ ကျေးရွာကော်မတီဝင်(၁)ဦးမှကျေးဇူးတင်စကားပြန်လည်ပြောကြားခြင်း၊ ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခြင်းနှင့် ကျေးရွာ/သူများမှ ရိုးရာအက များနှင့်ဖျော်ဖြေ ခြင်းဖြင့်  အခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။

          အဆိုပါကျောက်ချောလမ်း၏ အတိုင်းအတာမှာ (၁၈၆၀' ×၁၂'×၉") ရှိပြီး စီမံကိန်းထောက်ပံ့ငွေ (၁၉၀၀၀၀၀၀/-) ဖြစ်ပြီး၊ ကျေးရွာလူထုထည့်ဝင်ငွေမှာ(၁၅၄၃၄၀၀/-)၊ စုစုပေါင်း ကုန်ကျငွေမှာ(၂၀၅၄၃၄၀၀/-) ဖြစ်ပါသည်။