ချင်းပြည်နယ်၊ လူထုဗဟိုပြုစီမံကိန်း(ပထမနှစ်စက်ဝန်း)ဆောင်ရွက်ရာ တွန်းဇံမြို့နယ်တွင် စည်းရုံးရေးမှူးများသင်တန်း အပိုင်း(၃)ဖွင့်လှစ်ပို့ချ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ပူးပေါင်း၍ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်းကို (၂၀၁၇−၂၀၁၈) ခုနှစ်တွင် ပထမနှစ်စက်ဝန်းအဖြစ် စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လူထုစည်းရုံးရေးမှူးများနှင့် လက်ထောက်နည်းပညာမှူးများအတွက် စည်းရုံးရေးမှူးများသင်တန်းအပိုင်း(၃)ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်းရုံး (ရုံးချုပ်)မှ သင်တန်းဆရာများ၊ ချင်းပြည်နယ်လူထုဗဟိုပြုစီမံကိန်းရုံးမှ ဝန်ထမ်းများ၊ တွန်းဇံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများ၊ နည်းပညာအကြံပေးအဖွဲ့များမှ (၁၂.၉.၂၀၁၈) ရက်နေ့မှ (၁၅.၉.၂၀၁၈) ရက်နေ့အထိ (၄) ရက်ကြာကျင်းပပြုလုပ်ခဲ့ပါသည်။

​Pilot Social Audit ကို ကျောင်းခြံစည်းရိုးကာရံခြင်း စီမံကိန်းလုပ်ငန်းခွဲ ဆောင်ရွက်သော တုန်းတွောလ်ကျေးရွာအုပ်စု၊ တုန်းတွောလ်ကျေးရွာနှင့်ရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းခွဲဆောင်ရွက်သော တုန်းတွောလ်ကျေးရွာအုပ်စု၊ ဖွန်တုန်ကျေးရွာတို့တွင်၂၀၁၈ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

တွန်းဇံမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း (၃၁) အုပ်စုနှင့် ကျေးရွာပေါင်း (၉၃) ရွာရှိရာ၊ လူထုဗဟိုပြုစီမံကိန်း၊ ပထမနှစ်စက်ဝန်းတွင် စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ်(၆၈၂၀)သိန်းဖြင့် ကျေးရွာ (၇၈)ရွာတွင် စီမံကိန်းလုပ်ငန်းခွဲပေါင်း (၈၂) ခုအား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။