လူထုဗဟိုပြုစီမံကိန်းမြို့နယ်ဦးစီးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပြုလုပ်ခြင်း

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လူထုဗဟိုပြုစီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော ပင်လည်ဘူးမြို့နယ်၊ ဗန်းမောက်မြို့နယ်၊ မြောင်မြို့နယ်၊ ကျွန်းလှမြို့နယ်နှင့် ကနီမြို့နယ်များမှ မြို့နယ်ဦးစီးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား (၂၃.၄.၂၀၁၈)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး လူထုဗဟိုပြုစီမံကိန်းရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။