ကချင်ပြည်နယ်တွင် စီမံကိန်းမြို့နယ် တစ်မြို့နယ်ရွေးချယ်ရန်အတွက် အကြံဉာဏ်ရယူခြင်း အစည်းအဝေး

လူထုအခြေပြုဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်း (လူထုဗဟိုပြုစီမံကိန်း) တတိယနှစ် အကောင်အထည်ဖော် ဆောင်ရွက်ရန် မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ်နှင့် ကယားပြည်နယ်တို့တွင် အကြံဉာဏ်ရယူခြင်း အစည်းအဝေးများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၏ မြို့တော်များတွင် ကျင်းပပြုလုပ်ပြီးဖြစ်ပါသဖြင့် ကချင်ပြည်နယ်တွင် စီမံကိန်းမြို့နယ် တစ်မြို့နယ်စီရွေးချယ်ရန်အတွက် အကြံဉာဏ်ရယူခြင်း အစည်းအဝေးကို်ဆက်လက် ကျင်းပသွားမည် ဖြစ်ပါသည်။

ယင်းအစည်းအဝေးသို့ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေသော အဖွဲ့အစည်းများအား ဖိတ်ကြားသွားမည် ဖြစ်ပါသည်။

ကချင် ပြည်နယ်အတွက် မြို့နယ်ရွေးချယ်ခြင်းအစည်းအဝေးကို ၂ဝ၁၅၊ မေလ (၁၄) ရက်နေ့တွင် မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။  စီမံကိန်းမြို့နယ် ရွေးချယ်မှုဆိုင်ရာ သတ်မှတ်ချက်များ၊ အစည်းအဝေးအစီအစဉ်နှင့် စီမံကိန်း အချက်အလက်များကို ဤစာနှင့်အတူ ပူးတွဲပေးပို့အပ်ပါသည်။ အစည်းအဝေးကို မြန်မာဘာသာတစ်မျိုးတည်းဖြင့်သာ ဆောင်ရွက်မည်ဖြစ်ပြီး ဘာသာပြန်ပေးမည့် အစီအစဉ် ပါဝင်ခြင်းမရှိပါ။

အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူထုဗဟိုပြုအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေးမိတ်ဘက် အဖွဲ့အစည်းများအနေ ဖြင့် မြစ်ကြီးနားမြို့တွင် ကျင်းပမည့် အကြံဉာဏ်ရယူခြင်းအစည်းအဝေးကို တက်ရောက်ရန် စိတ်ပါဝင်စားမှုရှိပါက cdd.drdmyanmar@gmail.com သို့ မေလ (၁၂) ရက်ထက် နောက်မကျစေဘဲ ဆက်သွယ်အကြောင်းကြားပါရန်နှင့် မြစ်ကြီးနားမြို့အစည်းအဝေးအတွက် အချက်အလက်များနှင့် အစီအစဉ်များကို ဆက်လက် အကြောင်းကြား သွားမည် ဖြစ်ပါကြောင်း လေးစားစွာ အကြောင်းကြားပါသည်။

 

ခန့်ဇော်

ဒုတိယအင်ဂျင်နီယာချုပ်

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန