ကျေးရွာအဆင့်ဝေဖန်အကြံပြုသင်တန်း

လှိုင်းဘွဲ စက်တင်ဘာ ၂၆

        ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း) တွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူတာဝန်ခံမှုတိုးတက်လာပြီး အဂတိလိုက်စားမှုလျော့နည်းလာ၍ နည်းလမ်းအမျိုးမျိုးဖြင့် အလွယ်တကူဝေဖန်အကြံပြု နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ကျေးရွာအဆင့် ဝေဖန်အကြံပြုသင်တန်းကို တခင်းလုံးအုပ်စု တခင်းလုံးကျေးရွာတွင် ကျင်းပပြုလုပ်ရာ ကျေးရွာအဆင့်ဝေဖန်အကြံပြုကိုယ်စားလှယ် ကျား(၁၅)ဦးနှင့် မ(၁၄)ဦး စုစုပေါင်း(၂၉)ဦး တက်ရောက်၍ မြို့နယ်နည်းပညာပေးအဖွဲ့မှ  လူမှုတာဝန်ခံမှု တာဝန်ခံ ဦးနန္ဒထွန်းမှ စနစ်တကျ ဆွေးနွေးခဲ့ကြောင်းသိရသည်။