ဝေဖန်အကြံပြုတိုင်ကြားချက်ဖြေရှင်း သင်တန်းဖွင့်လှစ်

 

ပေါက်  အောက်တိုဘာ  ၁၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းဖြင့် အကောင်အထည်ဖော်ဆောင်နိုင်ရေး လူထုစည်းရုံးရေးမှူးများနှင့် လက်ထောက်နည်းပညာမှူးများအား ဝေဖန်အကြံပြုတိုင်ကြားချက်ဖြေရှင်းရေး မွမ်းမံသင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်က ပေါက်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေ့ဦးစွာ ပေါက်မြို့နယ် လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေး ဘဏ္ဍာရေးတာဝန်ခံ ဒေါ်သူသူအောင်က အဖွင့်အမှာစကား ပြောကြားပါသည်။

ဆက်လက်၍ ပေါက်မြို့နယ် နည်းပညာအကြံပေး ဝေဖန်အကြံပြုတိုင်ကြားချက်ဖြေရှင်းတာဝန်ခံ ဦးမျိုးဝင်းထွန်းက ကျေးရွာ များတွင် စီမံကိန်းလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများကို စေ့စပ်သေချာ သော လုပ်ထုံးလုပ်နည်းများဖြင့် ဖြေရှင်းနိုင်စေရန်၊ စီမံကိန်းလုပ်ငန်းများကို နှောင့်နှေးကြန့်ကြာစေနိုင်သည့် ပြဿနာ၊ အတား အဆီး၊ အနှောင့်အယှက် မှန်သမျှကို အထောက်အထားခိုင်လုံစွာဖြင့် ထုတ်ဖော်နိုင်စေရန်၊ စီမံကိန်းဧရိယာတွင် ဖြစ်ပေါ်နေသော ပြဿနာများကို ထိရောက်မှန်ကန်သောနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်ပေးနိုင်စေရန်ရည်ရွယ် ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ကြောင်းရှင်းလင်းပြောကြားပါသည်။

အဆိုပါသင်တန်းကို ပေါက်မြို့နယ်လူထုဗဟိုပြုစီမံကိန်းနည်းပညာအကြံပေးတာဝန်ခံများ၊ လူထုစည်းရုံးရေးမှူး (၄၀)ဦးနှင့် လက်ထောက်နည်းပညာမှူး(၂၆)ဦး စုစုပေါင်း (၆၆)ဦးတက်ရောက်ခဲ့ပြီး သင်းတန်းကို (၂)ရက်ကြာသင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်းသိရသည်။

စိုးမိုးကျော်-၀၉.၂၅၆၀၈၇၂၆၈