ဧရာဝတီတိုင်းဒေသကြီး၊ငပုတောမြို့နယ်တွင်ကျေးလက်ရေရရှိရေးရေအရင်းအမြစ်စစ်တမ်း ကောက်ယူ ခြင်းသင်တန်းဖွင့်လှစ်

   ဧရာဝတီတိုင်းဒေသကြီးကွပ်ကဲမှုအောက်ရှိ ငပုတောမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာများမှ ရေရရှိရေးဆိုင်ရာအချက်အလက်များ ကောက်ယူနိုင်ရေး ရေအရင်းအမြစ်စစ်တမ်းကောက်ယူခြင်းသင်တန်းကို နံနက် (၁၀:၀၀)နာရီ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ (၁၄.၁၁.၂၀၁၉)ရက်နေ့မှ (၁၅.၁၁.၂၀၁၉) ရက်နေ့အထိ ကျင်းပပြုလုပ်ရာ မြို့နယ်ဦးစီးမှူးဦးကျော်သူမင်းမှ အဖွင့် အမှာစကားပြောကြား၍  အငယ်တန်းအင်/ယာ-၂ ဒေါ်ရွှေရည်သင်းမှ လက်ထောက်နည်းပညာရေးမှူးများနှင့် လူထုစည်းရုံးရေးမှူးများအား ရေစစ်တမ်းကောက်ယူရန်အတွက် Rural Water Supply - MIS Software ဖြင့် ရေအရင်းအမြစ် စစ်တမ်းကောက်ယူနည်းများကို စာတွေ့လက်တွေ့နှစ်မျိုးဖြင့် သင်ကြားပေးခဲ့ပါသည်။

အဆိုပါသင်တန်းသည် ကျေးလက်ဒေသများတွင် ရေရရှိရေးဆိုင်ရာ အရင်းအမြစ်များကို သိရှိနိုင်ရေးနှင့် ကျေးရွာများအားလုံး၏ အချက်အလက်များကိုကွင်းဆင်းကောက်ယူမည်ဖြစ်ကြောင်း၊ ကျေးရွာများရေရရှိရေးကို အလှူရှင်မှသော်လည်းကောင်း၊ သက်ဆိုင်ရာဌာနများမှသော်လည်းကောင်းရေရရှိရေးဆောင်ရွက်ပေးရာတွင် အထာက်အကူပြုစေရန် ရည်ရွယ်၍ သင်းတန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် သင်တန်းသူ/သင်တန်းသား စုစုပေါင်း (၉၃) ဦးတက်ရောက်ခဲ့ပါသည်။