ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စု၊ မဲကတောခီးကျေးရွာ၌ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) တွင် ရွာတွင်းကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်

NCDDP’s Village Concrete Street Construction in Me Ka Taw Khee of Hlaingbwe Monitored by Respective Officials

Kayin, 18 December 2020, Ministry of Information

ရှမ်းရွာသစ်၊ ဒီဇင်ဘာ ၁၈

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာ အုပ်စု၊ မဲကတောခီးကျေးရွာတွင် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ယမန်နေ့ က စတင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းသည် လူထုဗဟိုပြုစီမံကိန်းမှ ထောက်ပံ့ငွေ ကျပ်(၂၂၀) သိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ အရှည်(၁၂၅)ပေ၊ အကျယ်(၁၂)ပေ၊ ထု (၆)လက်မရှိပြီး စီမံကိန်းတာဝန်ရှိသူများတို့၏ စနစ်တကျလမ်းညွှန်မှုနှင့် ကျေးရွာပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ၎င်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကျေးရွာနေပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး ယခင်ကထက် ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း သိရှိရသည်။

 

ဇင်လေး(ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/25058