ကနီမြို့နယ် လူထုဗဟိုပြု စီမံကိန်း (တတိယနှစ်) စက်ဝန်း အိုင်တောင်ကျေးရွာ အုပ်စု အိုင်တောင်ကျေးရွာတွင် လျှပ်စစ်မီးတိုင်များ ဝယ်ယူရန် စိစစ်အကဲဖြတ်

Procurement Assessment for Electricity Installation Conducted for Aing Taung Village of Kani

Sagaing, 15 December 2020, Development News TV

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သော ကနီမြို့နယ် လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စီမံကိန်း စက်ဝန်း စီမံကိန်း လုပ်ငန်း တစ်ခု ဖြစ်သည့် အိုင်တောင်ကျေးရွာအုပ်စု အိုင်တောင်ကျေးရွာတွင် လျှပ်စစ် မီးကြိုး မီးတိုင် သွယ်တန်းခြင်း၊ ဝယ်ယူရေး အကဲ ဖြတ်ခြင်း လုပ်ငန်းကို ဒီဇင်ဘာလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သည်။

ဝယ်ယူရေး အကဲဖြတ် အစည်းအဝေးသို့ မြို့နယ် နည်းပညာ အကြံပေးအဖွဲ့ ခေါင်းဆောင်နှင့် ကျေးရွာ တာဝန်ကျ လက်ထောက် နည်းပညာမှူးနှင့် လူထု စည်းရုးရေးမှူးများ၊ ကျေးရွာ စီ/ထောက် ကော်မတီဝင်များ၊ ဝယ်ယူရေး ကော်မတီများ တက်ရောက်၍ စံသတ်မှတ်ချက်များနှင့် အညီ ပြည့်မှီသော ပစ္စည်းတင်သွင်းသူများအား ရွေးချယ် အတည်ပြုကြောင်း သိရှိရသည်။

 

သတင်း - ဟိန်းလတ်ကျော် (CDD)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Development News TV

https://web.facebook.com/108312817273501/videos/388463522425156