NCDDP’s Village Street Construction in Hlaing Kawt Hpyar Village of Hlaingbwe Kicked Off
Kayin, 8 December 2020, Ministry of Information
လှိုင်းဘွဲ ဒီဇင်ဘာ ၈
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကဒီကံအုပ်စု လှိုင်ကော့ဖျာ ကျေးရွာတွင် ကျေးလက်နေပြည်သူများ သွားလာမှု အဆင်ပြေစေရန်အတွက် ရွာတွင်းကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကွန်ကရစ်လမ်းကို လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)မှ ထောက်ပံ့ငွေ (၁၆၄၀၀၀၀၀)ကျပ်ဖြင့် လမ်း(အရှည် ၉၆၀ပေ ၊ အကျယ် ၁၂ပေ ၊ ထု ၆လက်) လုပ်ငန်းကို လက်ထောက်နည်းပညာမှူး မနှင်းအိအိလွှာ၊ လူထုစည်းရုံးရေးမှူး နန်းနုနုထွေးတို့မှ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွန်မှု၊ ပြည်သူလူထုပူးပေါင်းပါဝင်မှုတို့ဖြင့်ဆောင်ရွက်ခဲ့ကြောင်း လုပ်ငန်း ၁၀၀% ပြီးစီးပါက လှိုင်ကော့ဖျာကျေးရွာမှ အိမ်ထောင်စု (၆၅)စု လူဦးရေ(၄၂၅)ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးလုပ်ငန်းများအတွက် လမ်းပမ်းဆက်သွယ်ရေးအဆင်ပြေချောမွေ့ လာမည်ဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)
#NCDDP, #DRD, #MOALI, #WorldBank
Credit – Ministry of Information