NCDDP’s School Construction in Chan Thar Ywar of Hlaingbwe Completed 70 Percent
Kayin, 7 December 2020, Ministry of Information
လှိုင်းဘွဲ ဒီဇင်ဘာ ၇
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင် အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြု စီမံကိန်း (တတိယ နှစ်စက်ဝန်း) တွင် ဒိုင်းပြကျေးရွာ အုပ်စု၊ ချမ်းသာ ကျေးရွာ ကျောင်းဆောင်သစ် ဆောက်လုပ် ခြင်းလုပ်ငန်း ၇၀% ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျောင်းဆောင်သစ်ကို လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေ (၃၀၀၀၀၀၀၀) ကျပ်ဖြင့် (အလျား ၆၀ပေ x အနံ ၃၀ပေ x အမြင့် ၁၂ပေ) လုပ်ငန်းကို အကောင်ထည်ဖော် ဆောင်ရွက်ရာ လူထုဗဟိုပြု စီမံကိန်းမှ လက်ထောက် နည်းပညာမှူး မခိုင်ဇင်ညို၊ လူထု စည်းရုံးရေးမှူး နန်းချောစုကြည်တို့မှ အနီးကပ် ကြီးကြပ်မှု၊ ပြည်နယ် အင်ဂျင်နီယာ အကြံပေး ဦးအောင်ကျော်ဇံ၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ် အင်ဂျင်နီယာ အကြံပေး ဒေါ်ခိုင်ခင်ဦးနှင့် မြို့နယ် နည်းပညာ အကြံပေးအဖွဲ့ တို့၏ စနစ်တကျလမ်းညွန်မှု၊ ရပ်ရွာ ပြည်သူလူထ ုတို့၏ ပူးပေါင်း ပါဝင်မှုများ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပြီး ၁၀၀% ပြီးစီးပါက ချမ်းသာ ကျေးရွာမှ အိမ်ထောင်စု (၈၀)စု၊ လူဦးရေ (၅၉၃) ဦးတို့၏ ကျောင်းသား/ကျောင်းသူ ကျား (၂၆)ဦး၊ မ(၃၄)ဦးတို့ လုံခြုံစိတ်ချစွာ စနစ်တကျ ပညာ သင်ကြားနိုင်မည် ဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)
#NCDDP, #DRD, #MOALI, #WorldBank
Credit – Ministry of Information