တွန်းဇံ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း လူထု စည်းရုံးရေးမှူးများ စွမ်းဆောင်ရည်မြှင့် မွမ်းမံ သင်တန်းပို့ချ

NCDDP’s Refresher Training for Community Facilitators Conducted at Tongzang

Chin, 12 November 2020, SkyNet Media Coverage

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ချင်းပြည်နယ် ဖလမ်း ခရိုင် တွန်းဇံ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) ကို အကောင်အထည် ဖော် ဆောင်ရွက်ရန်အတွက် လက်ထောက် နည်းပညာမှူးများနဲ့ လူထု စည်းရုံးရေးမှူးများ စွမ်းဆောင်ရည်မြှင့် မွမ်းမံ သင်တန်း အမှတ်စဉ် (၁) ပေးခြင်းကို နိုဝင်ဘာလ ၁၀ ရက်နေ့က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ရုံးမှာ ပြုလုပ်ခဲ့ပါတယ်။

သင်တန်းမှာ တွန်းဇံ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးနန်ဒိုး ဆူမ်းမန်းနဲ့ ဒုတိယ ဦးစီးမှူး ဦးထောင်ဆွင်းမုန်းတို့မှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး၊ သင်ခန်းစာများကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် တာဝန်ယူထားတဲ့ နည်းပညာ အကြံပေး ဆရာ၊ ဆရာမများက သင်တန်း ပို့ချ ပေးခဲ့ပါတယ်။

အဆိုပါ သင်တန်းမှာ ၃ ရက်တာ ဆောင်ရွက်မှာ ဖြစ်ပြီးတော့ စီမံကိန်း ရှိ လက်ထောက် နည်းပညာမှူး ၉ ဦးနဲ့ လူထု စည်းရုံးရေးမှူး ၁၆ ဦး စုစုပေါင်း ၂၅ ဦး တက်ရောက်ခဲ့ပါတယ်။

သတင်း - ဦးဇော်ဝင်း (CSAGS)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage