လှိုင်းဘွဲမြို့နယ် တဝန်ဖန်ရ ကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

NCDDP’s Village Street Construction in Ta Wun Hpan Ya Completed 100 Percent

Kayin, 23 October 2020, IPRD Hlaingbwe

လှိုင်းဘွဲ ၊ အောက်တိုဘာ ၂၃

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြု စီမံကိန်း (တတိယနှစ်စက်ဝန်း) တွင် တဝန်ဖန်ရ ကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်း ခင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီး ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ သိရသည်။

အဆိုပါ ရွာတွင်း ကွန်ကရစ်လမ်းကို လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေ ၁၇,၇၀၀,၀၀၀ကျပ်ဖြင့် လမ်းအရှည် ၆၈၀ပေ၊ အကျယ် ၁၂ပေ၊ အထူ ၆လက်မ ဖြင့် ၂၀၂၀ခုနှစ် စက်တင်ဘာလ ၁၇ရက်နေ့တွင် လူထုဗဟိုပြု စီမံကိန်းမှ လက်ထောက် နည်းပညာမှူး၊ လူထု စည်းရုံးရေးမှူး တို့မှ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် မြို့နယ် နည်းပညာ အကြံပေးအဖွဲ့တို့၏ စနစ်တကျ လမ်းညွန်မှုများဖြင့် စတင် အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ကွန်ကရစ်လမ်းအား ရာနှုန်းပြည့် ပြီးစီးပြီး ဖြစ်ပါ၍ တဝန်ဖန်ရ ကျေးရွာမှ အိမ်ထောင်စု (၃၂၄) စု၊ လူဦးရေ (၂၁၀၉) ဦး တို့၏ ပညာရေး၊ကျန်းမာရေး၊ စီပွားရေး၊ လူမှုရေးများ အတွက် သွား/လာရေး လွယ်ကူချောမွေ့ အဆင်ပြေလာမည် ဖြစ်ကြောင်း သိရပါသည်။

ခင်စန်းမြင့်(ပြန်/ဆက်)

https://www.facebook.com/permalink.php?story_fbid=188188286221715&id=100130015027543

https://www.moi.gov.mm/iprd/news/18039