တွန်းဇံမြို့နယ် လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းစဉ်များကို တာဝန်ရှိသူများ ကွင်းဆင်း ညှိနှိူင်းဆွေးနွေး

NCDDP’s Sub-project Activities in Tongzang Monitored by Respective Officials

Chin, 20 October 2020, SkyNet Media Coverage

စိုက်ပျိုးရေး၊ မွေးမြူရေးနှင် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ချင်းပြည်နယ် ဖလမ်းခရိုင် တွန်းဇံမြို့နယ် လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ ဆိုင်ပီးမွာလ်အုပ်စုရှိ ဆိုင်ပီးမွာလ်ကျေးရွာမှာ စီမံကိန်း ထောက်ပံရန်ပုံငွေ ၁၅ ဒသမ သုည ကျပ်သန်းနဲ့ တည်ဆောက်လျက်ရှိတဲ့ ကျေးရွာဘက်စုံသုံး ခန်းမဆောင် တည်ဆောက်ခြင်း နှင့် စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ၈ ဒသမ သုညကျပ်သန်းနဲ့ အကောင်ထည်ဖေါ် ဆောင်ရွက် နေတဲ့ စိမ့်စမ်းရေ သွယ်ယူခြင်း လုပ်ငန်းခွင် အခြေအနေကို ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးနန်ဒိုးဆူမ်းမန်း၊ မြို့နယ် နည်းပညာ အကြံပေး အဖွဲ့ ခေါင်းဆောင် ဒေါ်ဇင်မာထွန်း၊ နည်းပညာ အကြံပေး ဦးဇော်ဝင်း နှင့် ဒေါ်အေးနွယ်သန်း၊ ပြည်နယ် အခြေခံ အဆောက်အဦး ပိုင်းဆိုင်ရာ လက်ထောက် နည်းပညာမှူး ဒေါ်အိသန္တာစိုး၊ တာဝန်ကျ လက်ထောက် နည်းပညာမှူးနဲ့ လူထုစည်းရုံးရေးမှူး တို့ပါဝင်တဲ့ တာဝန်ရှိသူတွေအဖွဲ့မှ ကွင်းဆင်းစစ်ဆေး ညှိနှိုင်း ဆောင်ရွက်မှု တွေကို အောက်တိုဘာလ ၁၈ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

သတင်း - ဦးဇော်ဝင်း (CSAGS)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage