ပန်းတောင်းမြို့နယ်တွင်း Cash for Work စီမံကိန်း ရန်ပုံငွေဖြင့် လုပ်ငန်းများ ၁၀၀% ဆောင်ရွက်ပြီးစီး

Cash for Work Project Activities in Padaung Completed 100 Percent

Bago, SkyNet Up-to-date Channel

ကိုရိုနာဗိုင်းရပ် ကူးစက်ရောဂါ အကျိုးဆက် သက်ရောက်ခြင်း ခံရသော ကျေးလက်ဒေသများရှိ ပြည်သူများ အတွက် Cash For Work (CFW) စီမံကိန်း ရန်ပုံငွေဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိရာ ပြည်ခရိုင် ပန်းတောင်းမြို့နယ် ကျောင်းဦးအုပ်စု သံလယ်ကြီးကျေးရွာ၊ ရေကျော်အုပ်စု ရေကျော်ကျေးရွာ ညောင်ပင်အုပ်စု အလယ်တောမ ကျေးရွာ၊ရွာသာယာအုပ်စု တယ်ပင်ကျိုးကျေးရွာ၊ ထိပ်ပေါက်အုပ်စု မြောက်ဘက် ကျေးရွာ၊ ဖရုံကား‌ ကျေးရွာအုပ်စု ကျားခြေရာ ကျေးရွာ၊ သူရဲတန်း ကျေးရွာအုပ်စု ကျောင်းကုန်း ကျေးရွာ၊ ‌ကျီးတော ကျေးရွာအုပ်စု စာစီကျေးရွာ တို့တွင် လမ်းလုပ်ငန်း ၈ ခု ရေရရှိ‌‌ ရေးလုပ်ငန်း ၂ ခု ကျန်းမာသန့်ရှင်းရေး လုပ်ငန်း ၂ ခု နှင့် အခြားလုပ်ငန်း ၂ ခု စုစုပေါင်းလုပ်ငန်းခွဲ (၁၄) ခုအား တရွာလျှင် ထောက်ပံ့ငွေ ကျပ် ၁၀ သန်းဖြင့် (၂၃.၇.၂၀၂၀) ရက်နေ့မှ လုပ်ငန်း စတင်ဆောင်ရွက်ခဲ့ရာ (၃.၉.၂၀၂၀) ရက်နေ့ထိ (၄၂) ရက်ကြာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများအားလုံး (၁၀၀%) ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါသည်။

အဆိုပါ စီမံကိန်းလုပ်ငန်းများ ဆောင်‌ရွက်ခြင်းဖြင့် ကျေးရွာ(၉)ရွာရှိ ကျေးလက်ပြည်သူ (၁၅၃၉) ဦးအား အဆိုပါဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းမှ လုပ်အားခငွေ ရရှိစေသည့်အပြင် ကျေးရွာအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး လုပ်ငန်းများတွင် အသုံးပြုသော ပစ္စည်းတန်ဖိုးမှာ ရန်ပုံငွေမှ ၂၅% အသုံးပြုခဲ့ပြီး ကျေးရွာနေပြည်သူများကို လုပ်အားခ‌ပေးခြင်းအတွက် ၇၅% အသုံးပြု ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

သတင်း-အောင်မိုးမြင့်

Credit – SkyNet Media Coverage

#CFW, #CERP, #DRD, #MOALI

# Up to Date Channel

# SKY NET

https://www.facebook.com/skynetutd/photos/pcb.1618597718344942/1618597648344949/