ရေဖြူမြို့နယ်တွင် Cash for work စီမံကိန်း ကျေးရွာ (၁၁) ရွာရှိ လုပ်ငန်း (၁၂) ခု ရာနှုန်းပြည့်ပြီးစီး

Some 12 Development Activities under Cash for Work Project in 11 Villages of Yebyu Completed 100 Percent

Tanintharyi, 28 September 2020, Ministry of Information

ရေဖြူ၊ စက်တင်ဘာ ၂၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်း ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှု အစီအစဉ်အရ Cash for work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေဖြင့် ကျေးရွာလူထု ကိုယ်တိုင် လုပ်သားအဖြစ် ဆောင်ရွက်ကာ လုပ်အားခ ငွေပေးချေသည့် စနစ်ဖြင့်လုပ်ကိုင်လျက်ရှိရာ ယခုအခါတွင် လုပ်ငန်းများ ရာနှုန်းပြည့်စီးပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်း လုပ်ငန်းဖြင့် ရေဖြူမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျေးရွာ လူထု ကိုယ်တိုင် လုပ်သားအဖြစ် ဆောင်ရွက်ကာ လုပ်အားငွေပေးချေသည့် စနစ်ဖြင့် ရေဖြူမြို့နယ် ကျေးရွာအုပ်စု (၁၁) စုမှ ကျေးရွာ (၁၁) ရွာအား ၂၀၂၀ပြည့်နှစ် ဇူလိုင်လ(၂၃)ရက်နေ့မှ လုပ်ငန်း စတင် ဆောင်ရွက်ခဲ့ရာ မဲတော ကျေးရွာ၊ ထွက်ဝ ကျေးရွာ၊ ဒေါက်လောက် ကျေးရွာ၊ ကျောက်ဝှက်ကုန်း ကျေးရွာ၊ လဲရှောင် ကျေးရွာ၊ ရာဖူး ကျေးရွာ၊ ဘုရားသုံးဆူ ကျေးရွာတွင် (၂)လက်မ (၁/၄)မိုင် ရေပိုက်သွယ် တန်းခြင်း လုပ်ငန်း၊ မူးဒူးကျေးရွာ၊ သင်္ကန်းတော ကျေးရွာ၊ ကံပေါက် ကျေးရွာ တို့တွင် လမ်းဘေးဝဲယာ ရေမြောင်း တူးဖော်ခြင်း လုပ်ငန်း နှင့် ကျောက်ရှပ် ကျေးရွာတွင် ဘက်စုံသုံးခန်းမ ပြုပြင်ခြင်း နှင့် ခြံစည်းရိုး ကာရံခြင်းလုပ်ငန်း စုစုပေါင်း ကျေးရွာ (၁၁)ရွာ၊ လုပ်ငန်း(၁၂)ခုအား စက်တင်ဘာလ ပထမ ပတ်တွင် လုပ်ငန်းများ ရာနှုန်းပြည့်စီးပြီး ဖြစ်ကြောင်း အဆိုပါ ကျေးလက်ဦးစီး ဌာနမှ သိရသည်။

ကိုဗစ် -၁၉ ကာလ စီးပွားရေး ကုစားမှု အစီအစဉ်အရ Cash for work စီမံကိန်း လုပ်ငန်း ဆောင်ရွက်ခြင်း‌​ကြောင့် ကျေးရွာနေ ပြည်သူများ အလုပ်အကိုင် အခွင့်လမ်းနှင့် မိသားစု ဝင်ငွေရရှိကာ ကျေးရွာရှိ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက် လာခဲ့ကြောင်း သိရသည်။

ဖြူဖြူရှိန် (ရေဖြူပြန်/ဆက်)

တနင်္သာရီတိုင်းဒေသကြီး

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/13132