ဖြူးမြို့နယ်တွင် Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်သော လုပ်ငန်းများအား စစ်ဆေး

Cash for Work Activities in Phyu Monitored by Respective Officials

Bago, Ministry of Information

ဖြူး စက်တင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် လင်းယောခင် ကျေးရွာနှင့် စီအိုပူ ကျေးရွာတို့တွင် Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်သော ကျောက်ရောမြေလမ်း ခင်းခြင်း လုပ်ငန်းများအား စက်တင်ဘာလ (၂၃) ရက်နေ့ နံနက် (၁၀)နာရီ တွင် ကွင်းဆင်း စစ်ဆေးကြည့်ရှု စစ်ဆေး ခဲ့ပါသည်။

အဆိုပါ Cash For Work စီမံကိန်းကျေးရွာ(၁၁)ရွာရှိပြီး လုပ်ငန်းခွဲ(၂၅)ခုရှိသည့် အနက် လုပ်ငန်းပြီးစီးမှု (၁၀၀%) ရှိသည့် လင်းယောခင်ကျေးရွာနှင့်စီအိုပူကျေးရွာတို့တွင် ငွေကျပ် သိန်း (၁၀၀) ဖြင့် ဆောင်ရွက်သော ကျေးရွာ အတွင်း ကျောက်ရောမြေလမ်းခင်းခြင်း ဆောင်ရွက် ပြီးစီးမှု အခြေအနေအား ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးသိန်းကျော်နှင့် အဖွဲ့က သွားရောက်စစ်ဆေးပြီး လိုအပ်သည် များအား ပေါင်းစပ် ညိှနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မနွယ်(ဖြူး)

ပဲခူးတိုင်းဒေသကြီး

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/12489?fbclid=IwAR1NGa11dc6tYJWFJLhcmhhm5NuWzDlf0Htm2u03SC-Budslk-4xRuOaFXg