ဆိပ်ဖြူမြို့နယ်တွင် Cash for Work စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် မြေသားရေကန် ပြုပြင်ခြင်း လုပ်ငန်း များ ရာနှုန်းပြည့် ပြီးစီး ဆောင်ရွက်မှု အခြေအနေကို ကွင်းဆင်းစစ်ဆေး

ပခုက္ကူခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးတင့်ဝေနှင့် ဝန်ထမ်းများက ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်မှာ Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံ ငွေကျပ်သိန်း(၁၀၀)စီနဲ့ လုပ်ငန်း စတင် အကောင်အထည်ဖော် ဆောင်ရွက်တဲ့ ဆိပ်ဖြူမြို့နယ် ကျွန်းချောင်းကျေးရွာနဲ့ ညောင်နီချောင်းကျေးရွာတို့မှာ မြေသား ရေကန် ပြုပြင်ခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို စက်တင်ဘာလ ၃ ရက်နေ့က ကွင်းဆင်း စစ်ဆေးကြရာ ဆိပ်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင်နဲ့ ဝန်ထမ်းများ၊ ကျေးရွာ ကော်မတီဝင်များက စီမံကိန်းဆိုင်ရာနဲ့ အခြားလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေတို့ကို ရှင်းလင်းတင်ပြကြတယ်။

အဲဒီနောက် ခရိုင်ဦးစီးမှူးနဲ့ ဝန်ထမ်းများက ကျေးရွာ ကော်မတီဝင်များ၊ ဒေသခံ ပြည်သူများနဲ့ တွေ့ဆုံပြီး မြေသားရေကန် ရေရှည် တည်တံ့ရေး၊ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးတို့အတွက် ရေကန်အတွင်း ရေဝင်လမ်းကြောင်းများရှိ အမှိုက်များ မရှိစေရေး ဝိုင်းဝန်း ပူးပေါင်း ထိန်းသိမ်း သွားကြရန်တို့ကို မှာကြားခဲ့ပါတယ်။

ဆိပ်ဖြူမြို့နယ် ကျေးရွာ(၁၀)ရွာမှာ အကောင် အထည် ဖော် ဆောင်ရွက်လျက်ရှိတဲ့ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ရာနှုန်း ပြည့်ပြီးစီး အောင်မြင်ပြီး ဖြစ်ကြောင်းသိရပါတယ်။

ဆလိုင်းကိုကီး (MA)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage