ပေါက်မြို့နယ် ကင်းဆုပ်ကျေးရွာ ရွာတွင်လမ်း ပြုပြင်ခြင်း လုပ်ငန်းဖွင့်ပွဲ လူထု စစ်တမ်း ကောက်ယူ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) ကို ပေါက်မြို့နယ် ကင်းဆုပ်အုပ်စု၊‌ ကင်းဆုပ်ကျေးရွာ ရွာတွင်းလမ်း ပြုပြင်ခြင်း လုပ်ငန်း ပြီးစီးမှု ဖွင့်ပွဲကို လူထုဗဟိုပြု စီမံကိန်း၊ နည်းပညာ အကြံ‌ပေး၊ ကျားမရေးရာ တာဝန်ခံ ဦးမျိုးဝင်းထွန်းက အဖွင့်အမှာ စကား ပြောကြားတာ၊ နည်းပညာအကြံပေး ဝယ်ယူရေး တာဝန်ခံ ဦးတင်ထူးအောင်က စီမံကိန်း ပြီးစီးပြီး နောက်ပိုင်း ဆက်လက် ဆောင်ရွက်ရမည့် လည်ပတ် ထိန်းသိမ်းရေး အစီအစဉ်တွေကို ဆွေးနွေး ပြောကြား ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ လူထုစည်းရုံးရေးမှူး‌ ဦးစံကျော်က လူထုစစ်ဆေးပွဲ ပြုလုပ်ရတဲ့ ရည်ရွယ်ချက်‌ ကို ပြောကြားတာ၊ လက်ထောက် နည်းပညာမှူး ဒေါ်တင်မာနိုင်က မဲပေးရမည့် ပုံစံတွေကို အသေးစိတ် ရှင်းလင်း ပြောကြားခဲ့ပါတယ်။

ဆောင်ရွက် ပြီးစီးသွားတဲ့ စီမံကိန်း လုပ်ငန်းခွဲတွေရဲ့ လုပ်ငန်း ဆောင်ရွက်မှုနဲ့ ငွေကြေး သုံးစွဲမှုတွေကို အခုအခါမှာ ကိုဗစ်-၁၉ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ ကျေးရွာ ကြော်ငြာသင်ပုန်းမှာ ကပ်တာ လော်စပီကာနဲ့ ကြေညာတာ လုပ်ငန်းစဉ်နဲ့ ရလာဒ်အတွက် ကျေးရွာ လူထုရဲ့ စိတ်ကြေနပ်မှု အပေါ် မဲပေးနိုင်ဖို့ အိမ်တိုင်ရာရောက် စာရွက်တွေ ဝေပြီး၊ ကောက်ယူတာကို ဩဂုတ်(၃၀) ရက်နေ့ မနက် ၈ နာရီ က စတင်ပြီး ကင်းဆုပ်ကျေးရွာမှာ တာဝန်ကျ စီမံကိန်း ဝန်ထမ်းတွေနဲ့ ကျေးရွာ စီမံကိန်း အထောက်အကူပြု ကော်မတီဝင်တွေ ဦးဆောင်ပြီးတော့ ကျေးရွာ အတွင်းမှာ လှည့်လည် ဆောင်ရွက်ရာမှာ လူထု ဗဟိုပြု စီမံကိန်း နည်းပညာအကြံပေး ကျားမရေးရာ တာဝန်ခံ ဦးမျိုးဝင်းထွန်းနဲ့ တာဝန်ကျ ဝန်ထမ်းတွေက အတူ လိုက်ပါ ကြီးကြပ်ပေးခဲ့ ပါတယ်။

သတင်း - ဉာဏ်တိုး (ပေါက်)၊ မျိုးဝင်းထွန်း (CSAG)

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank