ကျိုက်မရော သြဂုတ် ၂၇
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် နိုင်ငံတော်၏ CERP အစီအစဉ်ဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန် ကျေးရွာ ၁၃ ရွာ ၌ Cash for work စီမံကိန်းဖြင့်ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် ဆောင်ရွက်ရန် လျာထားသည့် ငပြေမကျေးရွာအုပ်စု၊ ကြခတ်ကုန်းကျေးရွာ ကုန်ထုတ်လမ်း မြသားဂဝံခင်းခြင်း အရှည် (၅၄၀၀'×၁၄'×၁'၉") ရှိ ကုန်ထုတ်လမ်း၏ လက်ရှိအခြေအနေနှင့် လမ်းပေါ်၌ Box Culvert လိုအပ်မှုအခြေအနေတို့အား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးပြည့်ဦးကိုကိုနှင့် ဝန်ထမ်းများက မြေပြင်ကွင်းဆင်း၍ တိုင်းတာ ကြည့်ရှုပြီး ဝါးပျံကုန်းကျေးရွာနှင့် မိကသစ်ကျေးရွာတို့၏ Cash For Work စီမံကိန်း ဆောင်ရွက်နေမှုအ ခြေအနေများကို မြေပြင်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ Cash For Work စီမံကိန်းကို ကျိုက်မရောမြို့နယ်တွင် ကျေးရွာ ၁၃ ရွာတွင် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၈၆.၈၅% အထိပြီးစီးနေပြီးဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးပြည့်ဦးကိုကိုထံမှ သိရသည်။
ချိုချို(ပြန်/ဆက်)