ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ နှင့်အဖွဲ့ ပေါင်းတည်မြို့နယ် မြို့နယ် အတွင်း Cash for Work စီမံကိန်း လုပ်ငန်းများကို ကြည့်ရှု့ စစ်ဆေး

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့နယ် မြို့နယ် အတွင်း Cash for Work စီမံကိန်းနဲ့ ကုက္ကိုကုန်း ကျေးရွာမှာ ကျေးရွာတွင်းလမ်း မြေနီ ခင်းခြင်း၊ ရေမြောင်းတူးခြင်းနဲ့ မြေထိန်း နံရံ တည်ဆောက်ခြင်း လုပ်ငန်းတို့ကို ဩဂုတ်လ ၂၂ ရက်နေ့ နေ့လည်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ၊ ပဲခူးတိုင်း ဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ ပဲခူးတိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့အစွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးထွန်းထွန်းဦး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်တို့က သက်ဆိုင်ရာ တိုင်း၊ ခရိုင်၊ မြို့နယ်မှ ဝန်ထမ်းများ ကျေးရွာ ကော်မတီဝင်များနှင့် အတူ ကွင်းဆင်း ကြည့်ရှု့ပြီး၊ ကျေးရွာသူ ကျေးရွာသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့တယ်လို့ သိရပါတယ်။

ကုက္ကိုကုန်းကျေးရွာမှာ ကျေးရွာတွင်းလမ်း မြေနီခင်းခြင်း၊ ရေမြောင်းတူးခြင်းနဲ့ ‌မြေထိန်းနံရံ တည်ဆောက်ခြင်း လုပ်ငန်းတို့ကို Cash for Work စီမံကိန်းမှ ရန်ပုံငွေ ကျပ် သိန်း ၁၀၀ ထောက်ပံ့ပေးပြီး၊ အဆိုပါ ထောက်ပံ့ငွေ အနက် စီမံကိန်း အကောင်အထည်ဖော်ရာမှာ ၄၀ ရာခိုင်နှုန်းကို ပစ္စည်းဝယ်ယူရာမှာ အသုံးပြုရမှာ ဖြစ်ပြီး၊ ကျန်တဲ့ ၆၀ ရာခိုင်နှုန်းကိုတော့ လုပ်အားခ အတွက် အသုံးပြု ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပေါင်းတည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးယုနိုင်လင်းထံမှ သိရပါတယ်။

သတင်း - သူရိန် (ကျေးလက်)

#CFW, #CERP, #DRD, #MOALI

Credit- SkyNet Media Coverage