ပေါက်မြို့နယ်အတွင်း လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းများ အပေါ် လူထု စစ်တမ်း ကောက်ယူ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) ကို ပေါက်မြို့နယ် လယ်လန်းအုပ်စု၊ ရွာသာ‌အေး ကျေးရွာ ကျေးရွာတွင်း‌ ရေမြောင်းပြုပြင်ခြင်း လုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး ဖြစ်ရာ လုပ်ငန်းစဉ်နဲ့ ရလာဒ်အပေါ် ကျေးရွာ လူထုရဲ့ စိတ်ကြေနပ်မှု အပေါ် မဲပေးနိုင်ဖို့ အိမ်တိုင်ရာရောက် စာရွက်တွေ ဝေပြီး၊ ကောက်ယူတာကို ဩဂုတ် ၁၈ ရက်နေ့ မနက် ၈ နာရီ အချိန်က စတင်ပြီး ကျေးရွာ အတွင်းမှာ လှည့်လည် ဆောင်ရွက်ကြရာ လူထု ဗဟိုပြု စီမံကိန်း အဖွဲ့ ခေါင်းဆောင် ဦးသိန်းဇော်၊ နည်းပညာ အကြံပေး ကျားမရေးရာ တာဝန်ခံ ဦးမျိုးဝင်းထွန်း၊ စောင့်ကြည့် ကြီးကြပ်‌ရေး တာဝန်ခံ ဦးသက်လှိုင်စိုး၊ လက်ထောက် နည်းပညာမှူး ဒေါ်ခိုင်သီတာဆွေ၊ လူထုစည်းရုံးရေးမှူး ဒေါ်သဇင်ဦးနှင့် တာဝန်ကျဝန်ထမ်းတွေက အတူ လိုက်ပါ ကြီးကြပ် ပေးခဲ့တယ်လို့ သိရပါတယ်။

 

အလားတူ ပေါက်မြို့နယ် သက္ကယ်ကျင်းအုပ်စု၊ သက္ကယ်ကျင်းကျေးရွာ၊ ရွာတွင်းလမ်း ‌မြေနီခင်းခြင်း လုပ်ငန်းနှင့် ကျေးရွာ ဘက်စုံသုံးခန်းမ တည်‌ဆောက်ခြင်းကို လူထုရဲ့ စိတ်ကျေနပ်မှုအပေါ် ကောက်ယူတာကို ဩဂုတ်လ (၁၅) ရက်နေ့ မနက် ၈ နာရီ အချိန်က တာဝန်ကျ စီမံကိန်း ဝန်ထမ်းတွေနဲ့ ကျေးရွာ စီမံကိန်း အထောက်အကူပြု ကော်မတီဝင်တွေ က ဦးဆောင်ပြီး၊ ကျေးရွာ အတွင်းမှာ လှည့်လည် ဆောင်ရွက်ကြရာ လူထု ဗဟိုပြု စီမံကိန်း လက်ထောက် နည်းပညာမူး ဦးကျော်ဇောဟိန်းနဲ့ တာဝန်ကျ ဝန်ထမ်းတွေက အတူ လိုက်ပါ ကြီးကြပ်ပေးခဲ့ပြီး၊ မဲ ရလာဒ်တွေကို ကြော်ငြာသင်ပုန်းမှာ ကြေညာပေးထားတယ်လို့ သိရပါတယ်။

 

သတင်း - ဉာဏ်တိုး (ပေါက်)၊ မျိုးဝင်းထွန်း (CSAGS)

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage