ချောက်မြို့နယ်၊ ကျေးရွာ (၁၂) ရွာ၌ Cash for Work စီမံကိန်း လုပ်ငန်းများ ၉၀ ရာခိုင်နှုန်း ပြီးစီး

ချောက် ဩဂုတ် ၁၉

ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးလက်နေပြည်သူများ ဝင်ငွေ လျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် ချောက်မြို့ နယ်၊ ကျေးရွာ(၁၂) ရွာ၊ ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်းခင်းခြင်း လုပ်ငန်း၊ အိမ်တိုင်ရာ‌ရောက်‌ ရေပိုက်လိုင်းသွယ်ခြင်းလုပ်ငန်း၊‌ ရေ၀င်လမ်းကြောင်း တူး‌ဖော်လုပ်ငန်း၊ မြေသားကန် ပြုပြင်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်း ၉၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နိုင်ထံမှ သိရသည်။

ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်း Cash For Work စီမံကိန်းလုပ်ငန်းများကို ကျေးရွာ(၁၂)ရွာတွင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြေနီကျောက်စရစ်လမ်းခင်းခြင်း လုပ်ငန်းကို ကန်ရေကြီး(တ)၊ ခပေါင်းစမ်း၊ ကြံ့ကန်၊မြင်းကြိမ်လုံး၊ ဆူးရစ်ကန်ကျေးရွာများတွင်လည်းကောင်း၊ အိမ်တိုင်ရာ‌ရောက်‌ရေပိုက်လိုင်း သွယ်ခြင်းလုပ်ငန်းကို ကန်‌ရေကြီး (မ)၊‌ နရွဲ‌တော (န)၊ ကြပ်ကန်‌ကျေးရွာများတွင်လည်းကောင်း၊ ရေ၀င်လမ်း‌ကြောင်း တူး‌ဖော်လုပ်ငန်းကို ကုန်းရွာနှင့်ကြပ်ကန် ကျေးရွာများတွင်လည်းကောင်း၊ မြေသားကန်ပြုပြင်ခြင်း လုပ်ငန်းကို ဘုန်းဘွဲ၊ ကြို့ပင်နှင့် တွင်းလပ်‌ကျေးရွာများတွင် လည်း‌ကောင်း ရန်ပုံငွေကျပ်သိန်း ၁၀၀ ဖြင့် ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါလုပ်ငန်း ၉၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်းနှင့် လုပ်ငန်းများ အချိန်မှီပြီးစီးရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီ ရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းကြီးကြပ်ပေးလျက်ရှိပါကြောင်း သိရသည်။

မချို(ပြန်/ဆက်)

#CFW, #CERP, #DRD, #MOALI

Credit- Ministry of Information

https://www.moi.gov.mm/iprd/news/5321