ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင် ကွတ်ခိုင်မြို့နယ် Cash for Work စီမံကိန်း လုပ်ငန်းများကို ကြည့်ရှု့စစ်ဆေး

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြိုနယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ပန်ကူကျေးရွာအုပ်စု၊ ပန်ကူ ကျေးရွာမှာ Cash for Work စီမံကိန်းထောက်ပံ့ရန်ပုံငွေနဲ့ ကျေးရွာတွင်းလမ်း ဗြုန်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ဩဂုတ်လ ၁၄ ရက်နေ့ မနက်ပိုင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်နှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ပန်ကူကျေးရွာ ကျေးရွာတွင်းလမ်း ဗြုန်းခင်းခြင်းလုပ်ငန်းကို အလျား ၂၀၅၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မထုခင်းခြင်း လုပ်ငန်းကို Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာပံ့ပိုးပေးကာ ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။

အလားတူ ဩဂုတ်လ ၄ ရက်နေ့ နေ့လည်ပိုင်းကလည်း ကော့ကရိတ် ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင် ဦးစီးမှူး ဦးစိုးနိုင်ဝင်း၊ ကော့ကရိတ် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး၊ စီမံကိန်း တာဝန်ခံ ဝန်ထမ်းများက ကျေးရွာ ကော်မတီဝင်များနဲ့အတူ ကော့ကရိတ်မြို့နယ်မှာ Cash for Wrok စီမံကိန်း ထောက်ပံ့ ရန်ပုံငွေနဲ့ ကျေးရွာ အဝင် မြေသားလမ်း တိုးချဲ့ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု့ စစ်ဆေး ကာ လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သိရပါတယ်။

သတင်း - ကိုလွင် (ကျေးလက်)

#CFW, #CERP, #DRD, #MOALI

Credit- SkyNet Media Coverage