ကျောက်ကြီးမြို့နယ်မှာ “ဝင်ငွေ ရရှိရေး အလုပ်အကိုင် ဖန်တီးပေး” Cash for Work စီမံချက် ကျေးရွာ ၈ ရွာတွင် ဆောင်ရွက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိတဲ့ “Cash for Work” စီမံချက်၊ ကျေးရွာ မတည် ရန်ပုံငွေစီမံချက် (Village Revolving Fund Project) များ ပြုလုပ်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ အဆိုပါ စီမံကိန်းအား ကျေးရွာ(၈)ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိခဲ့ပြီး ယခုအခါ ကျေးရွာအားလုံးမှာ စီမံကိန်းလုပ်ငန်းခွဲများကို စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပါတယ်။

 

ယခုနှစ်မှာ ကျောက်ကြီးမြို့နယ်မှာ “Cash for work” စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရတဲ့ ကျေးရွာ(၈)ရွာမှာ ရေနှုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်း(၇)ခု၊ သုဿာန်မြေ နေရာရှင်းလင်းခြင်း လုပ်ငန်း(၃)ခု၊ မြေသားတင် ဂဝံခင်းခြင်းလုပ်ငန်း(၆)ခု၊ မြေထိန်းနံရံပြုပြင်ခြင်းလုပ်ငန်း(၃)ခု၊ စာသင်ကျောင်းမြေနေရာ ရှင်းလင်းခြင်း လုပ်ငန်း(၃)ခု၊ စာသင်ကျောင်း အမိုးပြုပြင် ခြင်းလုပ်ငန်း(၁)ခု၊ မြေသားလမ်း ပြုပြင်ခြင်း လုပ်ငန်း(၁)ခုနဲ့ ခန်းမဆောင် ခြံဝန်း မြေဖို့ခြင်း လုပ်ငန်း (၁)ခု၊ စုစုပေါင်းလုပ်ငန်း (၂၅)ခု တို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပြီး ယခုအခါမှာ ကျေးရွာအားလုံးမှာ လုပ်ငန်းများ စတင် ဆောင်ရွက်နေပြီ ဖြစ်ပြီး အဆိုပါစီမံကိန်းလုပ်ငန်းများအား စီမံကိန်းကာလ သုံးလတာကာလအတွင်း အပြီးသတ်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းသိရပါတယ်။

 

သတင်း -ဝင်းညီညီလတ် (CSAG)

#CERP, #CFW, #DRD, #MOALI

Credit- SkyNet Media Coverage