လှိုင်းဘွဲမြို့နယ်တွင် Cash for Work စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

လှိုင်းဘွဲ ဩဂုတ် ၆

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် Cash for Work စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရေမြောင်းတူးဖော်ခြင်းနှင့် လမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစောအောင်မျိုးမြင့်က ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

 

နိုင်ငံတော်မှချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေး ကုစားမှုအစီအစဉ် Covid-19 Economic Relief Plan (CERP)အရ ကျေးလက် ဒေသနေမိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသော Cash for Work စီမံကိန်းကျေးရွာဖြစ်သည့် ကမော့ကချူးကျေးရွာအုပ်စု ရေမင်းသာယာကျေးရွာတွင် လမ်းဘေးဝဲ/ယာရေမြောင်းများတူးဖော်ခြင်းနှင့် လမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လှိုင်ဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးစောအောင်မျိုးမြင့်နှင့် တာဝန်ရှိဝန်ထမ်းများ လိုက်ပါ၍ ကွင်းဆင်းကြည့်ရှု့စစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)

Ministry of Information

#CERP, #CFW, #DRD, #MOALI

https://www.moi.gov.mm/iprd/news/2815