Cash for Work စီမံကိန်းနှင့် ကျေးရွာ မတည်ရန်ပုံငွေ (VRFP) စီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

လဲချား ဇူလိုင် ၂၇

 

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် Cash for Work စီမံကိန်းနှင့် ကျေးရွာ မတည် ရန်ပုံငွေ (VRFP) စီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီတွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် အမှတ်(၁) ဦးစိုင်းကျော်ဇေယျ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးစိုင်းထွန်းအောင်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးမိုး တို့မှ အသီးသီး အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်နန်းစန္ဒာဝင်းမှ ကိုဗစ်-၁၉ ရောဂါ ကာလစီးပွားရေး ကုစားမှု အစီအစဉ်ဖြင့် ကျေးလက်နေ ပြည်သူ များ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများအား ဖြေလျှော့ပေးနိုင်ရန် Cash for Work စီမံကိန်းနှင့် ကျေးရွာမတည် ရန်ပုံငွေ (VRFP) စီမံကိန်း လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ခြင်းကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ Cash For Work စီမံကိန်းနှင့် ကျေးရွာ မတည်ရန်ပုံငွေ (VRFP) စီမံကိန်း လုပ်ငန်းတွင် ပါဝင်သည့် ကျပ်သိန်း (၃၀၀) နှစ်ရွာ၊ ကျပ်သိန်း(၂၀၀)နှစ်ရွာနှင့် ကျပ်သိန်း (၁၀၀)လေးရွာ တို့အား တာဝန်ရှိသူများက လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

လွှမ်းသူနောင် (ပြန်/ဆက်)

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA/27/07/2020/id-25209