Cash for Work စီမံကိန်း ကျေးရွာအဆင့် စီမံခန့်ခွဲမှု သင်တန်းဖွင့်လှစ်ခဲ့

မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည် ခရိုင် တံတားဦးမြို့နယ်မှာ Cash for Work စီမံကိန်း ကျေးရွာအဆင့် စီမံခန့်ခွဲမှု သင်တန်း ဖွင့်လှစ်ခြင်းကို ဇူလိုင်လ ၁၅ ရက်နေ့ မနက် ၁၀ နာရီက မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ပါတယ်။

မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်ခရိုင် တံတားဦး မြို့နယ်မှာ Cash for Work စီမံကိန်း ကျေးရွာအဆင့် စီမံခန့် ခွဲမှု သင်တန်း ဖွင့်လှစ်ခြင်းကို ဇူလိုင်လ ၁၅ ရက်နေ့ မနက် ၁၀ နာရီက မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာတော့ တံတားဦး မြို့နယ် ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟအောင်က အမှာစကား ပြောကြားပြိး မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်ဌေးက ကိုဗစ် -၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ဆောင်ရွက်စဉ် အတွင်း ကျေးလက်နေ ပြည်သူများ ငွေကြေား အရင်းအနှီးများ ရရှိပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိပြီး၊ မိသားစု ဝင်ငွေ တိုးပွားလာစေရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ဆက်လက်ပြီး မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးစောဇော်ဝင်းထွန်းက ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း (VRFP) တွင် ပါဝင်မည့် အိမ်ခြေ ၁၀၀ အထက် ကျေးရွာများအား ကျပ်သိန်း ၃၀၀၊ အိမ်ခြေ ၅၁ အိမ်မှ ၁၀၀ အတွင်း ရှိ ကျေးရွာများအား ကျပ်သိန်း ၂၀၀ ၊ အိမ်ခြေ ၅၀ အောက် ကျေးရွာများအား ကျပ်သိန်း ၁၀၀ မတည် ထောက်ပံ့ပေးမည် ဖြစ်ပြီး၊ Cash for Work စီမံကိန်းမှာ ကိုဗစ် -၁၉ ရောဂါ ကာလအတွင်း ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်တဲ့ လုပ်အားခများကို ထောက်ပံ့ပေးမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဆိုပါ သင်တန်းကို ဇူလိုင်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ စီမံကိန်းပါဝင်တဲ့ ကျေးရွာများမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါတယ်။ တံတားဦး မြို့နယ် အနေနဲ့ Cash for Work စီမံကိန်း ကျေးရွာ ၁၀ ရွာ ဖြစ်ပြီး၊ ကျေးရွာ မတည် ရန်ပုံငွေ VRFP စီမံကိန်း ကျေးရွာ ၈ ရွာ ဖြစ်ကြောင်း၊ တစ်ရွာလျှင် ကော်မတီဝင် ၇ ဦးနဲ့ ဖွဲ့စည်းဆောင်ရွက်ထားကြောင်း ဒါ့အပြင် ကျေးရွာ မတည် ရန်ပုံငွေ VRFP စီမံကိန်း ကျေးရွာမှ ကော်မတီဝင်များကိုလည်း ငွေစာရင်းထိန်းသိမ်းနည်း သင်တန်း အဖြစ် ဘလဲ့ဘ ကွက်သစ် ကုသလာ လင်္ကာရ ဘုန်းတော်ကြီး ကျောင်းမျာ ဖွင့်လှစ် သင်ကြားပေးနေတယ်လို့ သိရပါတယ်။

Sourse / Photo ; Soe Lwin Oo ( Maymyo )

https://ytvmm.com/yinfo/03-info-17-7-2020-day-friday-daily-new-8am/