တံတားမြို့ ကျေးရွာများတွင် လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) လုပ်ငန်းခွဲများ ကွင်းဆင်းကြည့်ရှု စစ်ဆေး

တံတား ဇူလိုင် ၁၀

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) လုပ်ငန်းခွဲများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနသည် လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) လုပ်ငန်း များဖြစ် သည့် ကျေးရွာဘက်စုံသုံးခန်းမတည်ဆောက်ပေးခြင်း၊ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းပေးခြင်း၊ မူကြို ကျောင်းများ တည်ဆောက် ပေးခြင်း၊ ကစားကွင်းများ တည်ဆောက်ပေးခြင်း ၊ မြေသားရေကန် တူးဖော်ပေးခြင်း စသည့် ပြည်သူအကျိုးပြုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ တံတားမြို့ ဝင်းကြီးကျေးရွာ တွင် ကုန်ကျငွေ ကျပ်သိန်း (၃၃၆၆၄၈၀၀/-)တန်ဖိုးရှိ တံတား ( ၉၀×’’×၁၆) တည်ဆောက်ခြင်း လုပ်ငန်းခွဲ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ကဒပ္ပနကျေးရွာတွင် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းခွဲများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းကဲ့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် လူထုဗဟိုပြုစီမံကိန်းမှ လက်ထောက်နည်းပညာမှူး ဒေါ်လင်း ဆန်နီထွန်း၊ ဦးဇင်ကိုအောင်နှင့် လူထုစည်းရုံးရေးမှူး ဦးထွန်းထွန်းလှိုင်၊ ဒေါ်မျိုးသန္တာထွန်းတို့က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တင်နိုင်ဝင်း(တံတား)

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8/10/07/2020/id-23464