ပေါက်မြို့နယ်အတွင်း ဆိုလာ ပန့်နဲ့ ရေတင်ခြင်း လုပ်ငန်း ဆောင်ရွက်

မကွေးတိုင်း ဒေသကြီး ပခုက္ကူ ခရိုင် ပေါက်မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ကိုင်းလယ် ကျေးရွာ အုပ်စု၊ တုံးမွှာ တာချောင်းကျေးရွာမှာ ဆိုလာ ပန့်နဲ့ ရေတင်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ တွေကို ဇွန်လိုင်လ ၇ ရက် နေ့မှာ ပေါက်မြို့နယ် လူထု ဗဟိုပြု စီမံကိန်း လက်ထောက် နည်းပညာမှူး ဒေါ်နန်း သူဇာ သောင်း၊ လူထု စည်းရုံးရေးမှူး ဦးသိန်းဇော်တို့က လုပ်ငန်း ကော်မတီတွေနဲ့ တွေ့ဆုံပြီးတော့ ကွင်းဆင်း ကြည့်ရှု့ ခဲ့ရာမှာ လိုအပ်တဲ့ နည်းပညာ တွေကို လုပ်ဆောင်နိုင်ဖို့ လမ်းညွှန်ခဲ့ပါတယ်။

 

အဲဒီ ကျေးရွာ ဆိုလာပန့်နဲ့ ရေတင်ခြင်း လုပ်ငန်းကို လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ ရန်ပုံငွေကျပ် ၈၆ သိန်းနဲ့ ဆောင်ရွက်ခဲ့ပြီး၊ အခုအခါမှာတော့ ရာနှုန်းပြည့် ပြီးစီး အောင်မြင်နေပြီ ဖြစ်တာကြောင့် နွေရာသီ ကာလ သောက်သုံးရေ ဖူလှုံ တော့မှာ ဖြစ်ပါတယ်။

 

သတင်း - ဉာဏ်တိုး (ပေါက်)

Credit – SkyNet Media Coverage

#NCDDP, #DRD, # MOALI, # WorldBank